Part - 23⚡

10.6K 508 13
                                    

🔹Unicode🔹

မှန်ရှေ့မှာ ဖီးလိမ်းပြင်ဆင်နေတဲ့ suitအနက်တောက်တောက်ကို၀တ်ဆင်ထားတဲ့ ဦးသက်ဘုန်းနိုင်ကို ကုတင်ပေါ်မှာ ဖက်လုံးလေးပေါင်‌ပေါ်တင်လျက်ထိုင်၍ကြည့်ရင်း ထင်တစ်ယောက် အတော်မျက်မုန်းကျိုးနေပြီဖြစ်သည်။

"ခင်ဗျား ပြပွဲပြီးလို့ ညစာစားပွဲလုပ်တာ ဟုတ်ရောဟုတ်ရဲ့လား အဲ့လောက်ပြင်ဆင်စရာရော လိုလို့လား"

"ဪ ဟုတ်ပါတယ် သည်းငယ်ရဲ့ ဒီနှစ်က ခါတိုင်းနှစ်တွေထက်3ဆလောက်ပိုတိုးတက်မှုရှိလာတယ် ဦး အထင်တော့ သည်းငယ်က ဦးအတွက် လာဘ်ကောင်လေးပဲဖြစ်မယ်"

ထင်ကတော့ မမှုန်မသုန်ကြည့်နေဆဲပင်။

"ပြင်ဆင်တာကတော့ ကိုယ်ကအကြီးအကဲမလား လူရိုသေရှင်ရိုသေဖြစ်အောင်တော့ ၀တ်စားရတာပေါ့"

ပြောရင်း ဗီဒိုအံဆွဲထဲမှ နာရီတွေကိုတစ်လုံးပြီးတစ်လုံး၀တ်ကြည့်နေတဲ့ ဦးသက်ဘုန်းနိုင်။

"နာရီတွေကလဲ ကြည့်ရတာရိုးလာပြီအသစ်ထပ်မှာရမယ် သိလား သည်းငယ်"

ထင်မျက်ခုံးနှစ်ဖက်ကို တွန့်ချိုး၍

"ဒီမှာ ဦးသက်ဘုန်းနိုင် လူရိုသေရှင်ရိုသေဆိုပေမယ့်လည်း ခင်ဗျားဟာက လွန်ကိုလွန်တယ်မလား အစောကလဲ necktieကိုရွေးတာ ရွေးတာ ဒါတောင်၀တ်စုံကို ကြိုမှာပြီးသားမို့ အိမ်ထောင်ကျပြီးကထဲက Fashion ‌လေးတွေမိုက်တယ်ဆိုတဲ့ ထင်က ပုံမှန်ပဲ ခင်ဗျားလို အိုကြီးအိုမက အလှကြိုက်လာလိုက်တာ လွန်ရောပဲ"

"ဟား ဟား ဦးခန့်နေသလားသည်းငယ် ဦးသည်းငယ်လေးက ဦးဒီလိုတွေလုပ်နေတာ မကြိုက်ဘူးလား အမှန်တော့ဦးကလဲ အရမ်းမပြင်ဆင်ချင်ပါဘူး ဒါပေမယ့်ထင့်ယောက်ျားက ထင့်ထက်အသက်ကြီးပိုသလိုပုံလဲတုံးတယ်လို့ သည်းငယ်အပြောခံနေရမယ်ဆိုးလို့"

ဦးသက်ဘုန်းနိုင် ထင့်အနားသို့ ၀င်ထိုင်၍ ရွှင်ပြပြပြောသည်။အိမ်ထောင်သက် 3လကျော်အတွင်း ဒီရက်ပိုင်းတွင်တော့ ထင်နဲ့စကားအတော်ပြောဖြစ်သည်။အကောင်းပြောတာတော့ မဟုတ်အမြဲရန်ရှာသည့် ကလေး။
ဒါပေမယ့် လက်ထပ်စတုန်းကဆို ကိုယ်ကဂရုတစိုက်ထားရင် အဲ့အရာကို ပိုရွဲ့လုပ်တယ်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Dove le storie prendono vita. Scoprilo ora