Part - 10⚡

13.1K 663 9
                                    

🔹Unicode🔹

မီးပုံပွဲညပြီးကထဲက ဟိုလူကြီးက ကျွန်တော်နဲ့စကားပြောရင် သူ့ဘာသာ ဦးလို့နာမ်စားသုံးတော့သည်။ကျွန်တော်ကိုယ်တိုင်ကလဲ ခေါ်ခဲ့တာကို မှတ်မိနေတော့ ထူးကဲပြီး ရန်လုပ်မနေတော့။မဟုတ်တောင် သူကကိုယ့်ထက်10နှစ်မကကြီးတာမဟုတ်ပါလား။ခင်ဗျား ခင်‌ဗျားနဲ့ခေါ်နေတာက ဘေးလူကြားရင် ထင်ဆိုတဲ့ချစ်စရာကောင်းပြီးချောမောလှပတဲ့ကောင်လေးက ရိုင်းတယ်လို့အပြောမခံနိုင်ပါ။အမေတို့ပြောတာတော့ ဒီနှစ်ထဲဦးက27နှစ်ပြည့်မှာဆိုလို့ ဦးခေါ်ရမယ့်အရွယ်မရောက်သေးမှန်းတော့သိသည်။ဒါပေမယ့် ကျွန်တော်နဲ့လဲအရမ်းကွာတာမို့ ဦးလို့သာခေါ်လိုက်သည်။

ဦးကကျွန်တော့်ကို သည်းငယ်လို့ခေါ်တာနဲ့ တစ်ခါ‌တစ်လေဘာစကားတွေလာပြောမှန်းမသိတာကလွဲရင် အတော်ဂရုစိုက်ပြီး အမေတို့ထက်တောင် အလိုလိုက်သေးသည်မို့ ကိုယ့်အကိုဦးလေးလိုသာ သဘောထားပြီး အတူသွားဖြစ်လာဖြစ်သည်။

'တီ တီ'

ပြောရင်းနဲ့ရောက်လာပါပြီ။ဒီနေ့က 10တန်းတွေကျောင်းစဖွင့်မယ့်ရက်ဆိုတော့ သူလိုက်ပို့ချင်သည်တဲ့လေ။အိမ်ကကျောင်းမဖွင့်ခင်ကထဲက သင်္ချာနဲ့Englishကိုကျူရှင်ကြိုထားထားတာကြောင့် ကျူရှင်ကိုလဲ အဲ့လူကြီးပဲ တစ်ပတ်ကို 3/4ရက်တော့ သူကိုယ်တိုင်လိုက်ပို့ရမှ ကျေနပ်သည်။နှစ်ယောက်လုံးရဲ့Driverတွေကိုတော့ ပိုက်ဆံအလကားပေးထားသလိုပင်။

"ဦးအိမ်ကတော့စောထွက်လာတာပဲစောင့်ရတာကြာသွားလား သည်းငယ် အိမ်ထဲကစောင့်ရောပဲ"

"ရပါတယ်ဦး ကျွန်တော်အခုလေးတင်မှ အိမ်ထဲက ထွက်လာတာပါ"

"ဟုတ်ပါပြီ တက်ပါဗျ"

Lover seatအခြမ်းကိုကိုယ်တိုင်တံခါးဖွင့်ပေးတဲ့ ဦးသက်ဘုန်းနိုင်။

"သည်းငယ် မနက်စာကို ဘာစားခဲ့လဲ
ဘာစားချင်သေးလဲ ဦးလိုက်ကျွေးမယ်လေ"

"အမေက မုန့်တီသုပ်လုပ်ကျွေးတယ် ဦးကြိုက်တယ်ဆို အမေကအပြန်ကျရင်၀င်စားဖို့ မှာလိုက်သေးတယ်"

"အွန်း ဦး၀င်စားလိုက်မယ်နော်
ဒါနဲ့ သည်းငယ် သန့်စင်ကိုသိလား"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now