Chapter 46

1.8K 369 16
                                    

[Zawgyi]

Ch46 - တကယ့် နတ်ဆိုးဘုရင်ကြီး။

.

ဝေ့​ရှောင် ​နောက်ဆုံး၌ နားလည်သွားသည်။ "ဆောင်းရာသီလေ့ကျင့်ရေး ဆာဗာမှာ ဝင်ကစားနေတဲ့လူတွေက အယောက်တစ်ရာ​တောင် မပြည့်ဘူး.."

ကစားသမားဦး​ရေသန်းချီရှိသည့် တရားဝင်ဆာဗာများတွင် ဤကဲ့သို့တစ်စုံတစ်​ယောက်နှင့် ဆုံ​တွေ့နိုင်​ချေသည် ထိပ်ဆုံးအဆင့်တင်ပွဲများ၌ပင် ဖြစ်နိုင်​ချေအလွန်နည်းသည်။

လေ့ကျင့်​ရေးဆာဗာတွင်မူ အ​သင်း​ပေါင်း ၁၈သင်းမှ ပွဲထွက်ကစားသမား​ပေါင်း ၉၀သာ ပါဝင်ကစားလျက်ရှိ​သည်။ အချို့အသင်းများ၌ ဝင်​ရောက်ကစားမည့် အရန်ကစားသမားများ(အမှတ်ထည့်မတွက်) ပါရှိလျှင်ပင် ကစားသမားဦး​ရေသည် တစ်ရာဝန်းကျင်ခန့်သာရှိ​ပေလိမ့်မည်။

ဤကဲ့သို့ အ​ရေအတွက်နည်းနည်း​လေးတွင် သူတို့က တစ်ပြိုင်တည်း ပွဲရှာရဲကြ​သေးသည်။

"ငါ ခဏလောက်ပဲ အပြင်ထွက်သွားတာကို မင်းတို့က ဂိမ်းနှစ်ပွဲလောက် ဖြုန်းတီးပစ်လိုက်တယ်​ပေါ့"

က​လေး​လေး ​လေး​ယောက်: "......" သူတို့ ဘာမျှ ပြန်မပြောရဲချေ။

လုဖုန်းက သူ၏စက်​ရှေ့တွင် ထိုင်လိုက်ပြီး ​ခလုတ်များကို ချိန်ညှိ​နေသည်။

"ကိစ္စမရှိပါဘူး၊ မိနစ်​လေးဆယ်ပဲ ရှိ​​သေးတယ်"

"စုစုပေါင်းမှ ငါးနာရီပဲရှိတာကွ"

"သူတို့လည်း အမှတ်တစ်မှတ်မှ မ​လျော့​သေးဖူး​လေ"

မေ​မေချန် တကယ် ​ဒေါသထွက်သွားသည်။ "မင်း အဲ့မှာ စောက်အလိုလိုက်နေလိုက်"

က​လေး​လေး ​လေး​ယောက်သည် အသက်ပင် ရဲရဲမရှူဝံ့ကြ​ချေ။ အသင်းထဲရှိ တကယ့်နတ်ဆိုးဘုရင်ကြီးမှာ ဘုရင်မချန်သာဖြစ်​သည်။

လုဖုန်းက သူတို့​ကို ကာ​ပြော​ပေး​နေ​သော်လည်း ချန်ဖုန်းက အမှတ်​စာရင်းဘုတ်ပြားကို ​ထောက်ပြပြီး သူတို့​လေးဦးကို ဆူဖြစ်​အောင် ဆူဆဲပင်။

မိနစ် ​လေးဆယ်မျှသာ ကွာဟသွား​သော်လည်း Proနှင့် L&Pသည် သူတို့၏ ပထမအချီကို အပြည့်အဝနိုင်ကာ ၁၅မှတ်ကိုယ်စီနှင့် ပထမအလွှာတွင် ရှိနေကြပြီဖြစ်သည်။ 3Uအသင်းဆိုလျှင် ကိုးမှတ်နှင့် ဒုတိယအလွှာတွင်ရှိနေသည်။

Glory [MM Translation]Where stories live. Discover now