Chapter 37.2

1.9K 370 19
                                    

[Zawgyi]

Ch37.2 - မင်းက ငါနဲ့စပ်ယှက်ချယ်တယ်လား၊ တန်းစီလိုက်ဦး။

.

FTWမှလူအားလုံးကို ​ကြမ်းပြင်ရှိအက်​ကြောင်းထဲသို့ တူးဝင်သွားချင်​စေ​သောအရာသည် အင်္ဂလိပ်စာတွင် ၁၀၃မှတ်ရရှိထား​သည့် ၉၈၅တက္ကသိုလ်ဝင်ခွင့်အမှတ်နှင့်​ ​ကျောင်းသားဖြစ်​သော ​ဝေ့​ရှောင်​ရှောင်က ထိုစကားအား အင်္ဂလိပ်လိုဘာသာပြန်ပြီး ​နောက်တစ်ကြိမ်ထပ်​ပြောလိုက်ချိန်တွင်ပင်ဖြစ်၏။

"ငါက Closeရဲ့လူအဖြစ်နဲ့​မွေးလာပြီး Closeရဲ့တ​စ္ဆေအဖြစ်နဲ့ပဲ ​သေမယ်"

ခန်းမတစ်ခုလုံး ​ဇ​ဝေဇဝါသွား၏။

တရုတ်စကားနားမလည်ဘဲ အ​ခြေအ​နေအားခန့်မှန်း​နေကြ​သောလူများအားလုံးသည် ရှင်းရှင်းလင်းလင်းသိရရန် ​မေးမြန်း​နေကြပြီး တရုတ်စကားနားလည်​သောလူများက ပါဝင်​သောအ​ကြောင်းအရာများအား အလျင်အမြန်ရှင်းပြ​နေကြသည်။

ဤသို့ဖြင့်...

ဇာတ်လမ်းက တဖြည်းတဖြည်း စတင်ပြီး ယုတ္တိမတန်ဖြစ်လာ​တော့သည်။

ပထမ​တော့ ပုံမှန်ဖြစ်​နေဆဲပင်။ "Marshalက FTWရဲ့လူသစ်ကို L&Pကိုလာဖို့ဖိတ်​နေတာ"

ထို့​နောက် ယင်းက အဆင်​ပြေ​​နေဆဲပင်။ "အဲ့ဒီလူသစ်က ​သေရင်​တောင် မသွားဘူးငြင်း​နေတာ"

နောက်​တော့ ယင်းက စတင်ပြီးထူးဆန်းလာ၏။ "Marshalက အင်အားသုံးပြီး လူကိုအလစ်သုတ်ဖို့ ကြိုးပမ်း​နေတာတဲ့"

နောက်ဆုံး၌ ယင်းက ရူးသွတ်လာ​တော့သည်။ "​FTWရဲ့လူသစ်က ​ကောင်​လေးတစ်​ယောက်လိုဝတ်ထားတဲ့ ​ကောင်မ​လေးတဲ့"

အဆုံးသတ်မှာ​တော့ ကမ္ဘာကြီးတစ်ခုလုံး ဝရုန်းသုန်းကားအ​ခြေအ​နေဆိုက်​ရောက်သွား​တော့၏။ "Marshalနဲ့ Close နှစ်​ယောက်စလုံးက အဲ့ဒီ​ကောင်​လေးလိုဝတ်ထားတဲ့​ ​ကောင်မ​လေးကို တစ်ပြိုင်တည်းချစ်​နေကြတာ"

နောက်ပိုင်းတွင် ပါးစပ်တပြည့်အတင်းအဖျင်း​များအား စားလိုက်ရ​သောပိုင်ချိုင်: "​......" ​စောက်ရမ်း ရယ်ရတယ်။

ဝေ့​ရှောင်၏စကားများကိုကြား​သောအခါ ယွမ်ကျဲသည်ပင် ​ကြောင်အသွားရသည်။ သို့​သော်လည်း သမ္ဘာရင့်​ခွေးအိုကြီးဖြစ်သည့် နတ်ဘုရားယွမ်သည် လူ​ကို ဆက်လက်က​လော်ရန်ကြိုးပမ်း​လိုက်သည်။ "မင်က ၁၉နှစ်ပဲရှိ​သေးပြီး ငယ်​​သေးပါတယ်​။ ဒီ​လောက်ထိ အရမ်းမဖြစ်....."

Glory [MM Translation]Tempat cerita menjadi hidup. Temukan sekarang