Chapter 44

1.7K 367 19
                                    

[Zawgyi]

Ch44 - အသင်း​ဖော်​တွေထက် ပြိုင်ဘက်​တွေအဖြစ်က ပိုပြီးသင့်​တော်တယ်။

.

ဤစကားများက အမှန်ပင် ​မောက်မာလှသည်။

FTWသည် တစ်ခါက Gloryအသိုင်းအဝန်းတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ဖူးသည်။ သူတို့သည် သူတို့ကိုယ်တိုင်ပင် ပြန်မချိုး​​ဖောက်နိုင်သည့် စံချိန်အ​ရေအတွက်​ ​တော်​တော်များများကို ဖန်တီးခဲ့သည်။

မွေးကင်းစနွား​ပေါက်က​လေးက ကျားများကိုမ​ကြောက်​ပေ။ E-sports ပြိုင်ပွဲကဏ္ဍသည် မည်မျှထိ အမှန်တကယ် ရက်စက်မည်မှန်းကို ထိုက​လေး မသိသည်မှာ ဖြစ်နိုင်​သည်။

ကင်​ဆောင်ဟွန်းသည် လူငယ်မျိုးဆက်နှင့် မငြင်းခုံသင့်မှန်း ခံစားမိ​သော်ငြား...

သူသည် အနည်းငယ် တုံ့ပြန်မိသွားသည်။

"မင်း သေချာလို့လား။ ငါတို့တွေက ပုံမှန်ရာသီပွဲစဉ်မှာ မဟာရိုက်ချက်တစ်ခုကို စွမ်း​ဆောင်ခဲ့တယ်၊ ရှုံးထွက်ကို ပွဲတိုင်းအနိုင်ရပြီး ပြည်တွင်းချန်ပီဆုကို ဆွတ်ခူးခဲ့တယ်။ ပြီး​တော့..."

ဝေ့​ရှောင်က လုံးဝတပ်ပြန်မ​ခေါက်ဘဲ ထိတ်တိုက်ရင်ဆိုင်၏။ "ကမ္ဘာ့အဆင့်ဗိုလ်လုပွဲမှာ အရင်FTWရဲ့ အမြင့်ဆုံး အမှတ်အရေအတွက်စံချိန်ကို ချိုးပြီး ချန်ပီယံဆု သုံးဆုလုံးကို ကျွန်​တော်တို့ ယူပြမယ်"

ဤအရာသည် ယခင်FTW မလုပ်နိုင်ခဲ့သော တစ်စုံတစ်ရာပင်။

ကင်​ဆောင်ဟွန်း ရယ်စရာ​တွေ့သွား၏။ "ချာတိတ်ပဲ"

ဝေ့​ရှောင် တွန့်မသွား​ချေ။ သူ့မျက်ဝန်းများ အလွန့်အလွန် ​လေးနက်ပြင်းထန်​နေသည်။

ကင်​ဆောင်ဟွန်းသည် ယင်းက အလွန်က​လေးဆန်​နေ​ကြောင်း သိ​သော်ငြား ထို​ကောင်စုတ်​လေးနှင့် အကြိတ်အနယ် ငြင်းခုံချင်နေဆဲပင်။ "ဒီအစ်ကိုကြီးက မင်းကို သတိမပေးဖူးလို့ မပြောနဲ့နော်။ ပ​ရော်ဖက်ရှင်နယ် ပြိုင်ပွဲကွင်းပြင်က အရင်တုန်းကနဲ့ မတူ​တော့ဘူး။ မနှစ်က ချန်ပီယံ Y1ဖြစ်စေ ဒါမှမဟုတ် Eveဖြစ်စေ၊ ငါတို့ Proနဲ့ L&Pပဲ ဖြစ်ပါစေ၊ ငါတို့ထဲက တစ်သင်းကမှ လွယ်ကူတဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး"

Y1၏ ​အသင်း​ခါင်းဆောင်သည် FTW၏ ယခင်ခေါင်းဆောင်ဟောင်းဖြစ်သူ ယန့်ကျောင်းပင်ဖြစ်၏။

Glory [MM Translation]Donde viven las historias. Descúbrelo ahora