Uni
'SJ...Seokjin ya´
ကားပေါ်ကနေ မဆင်းခင်တစ်ခဲနက်ကြားနေရတဲ့သူ့နာမည်က်ို ခေါ်နေတဲ့ အသံတွေကြောင့် ဆော့ဂျင် ရှက်ပြုံးပြုံးမိသည်။Ent ကြောင့် Sololist အနေနဲ့ ပွဲဦးထွက်ရပြီး အများကြီးကြိုးစားရင်း ပရိသတ်တွေရဲ့ အချစ်ကို SJ ဆိုတဲ့ idol တစ်ယောက်အနေနဲ့ ရခဲ့သည်လေ။
အစက အနုပညာအပေါ်မြတ်နိုးတဲ့စိတ်တစ်ခုထဲနဲ့သာ ဂီတလောကထဲ၀င်ခဲ့ပေမယ့် အလင်းစူးလွန်းတဲ့အရာတွေကိုကြောက်တဲ့ သူ့အတွက် ကင်မရာတွေနဲ့အဆင်မပြေခဲ့၊နောက်ပိုင်းမှ အသားကျအောင်ကျင့်ယူရင်း အရင်ကထက်လည်းပိုပြီး တည်ငြိမ်နေနိုင်လာသည်။
'ဆော့ဂျင် အတွေးလွန်နေပြန်တာလား အခုထက်လူပိုမများလာခင် သွားရအောင်´
'ဟုတ်ကဲ့ အစ်ကိုဂျောင်မင်း'
ကားပေါ်ကမဆင်းခင် အစ်ကို ဂျောင်မင်းက သွားလမ်းကိုရှင်းချလိုက်ပြီးမှ တံခါးကိုဖွင့်ပေးသည်။သူလည်းဆင်းတာနဲ့ မီဒီယာ အသီးသီးက ကင်မရာတွေရဲ့ အလင်းရောင်စူးစူးတွေကြောင့် Ent ထဲကိုသာ အမြန်လျှောက်၀င်လာမိသည်။
'ဆော့ဂျင် ဒါက ဒီနေ့အတွက် အချိန်ဇယားတွေ...နောက်ပြီး Comeback အတွက် သီချင်းသွင်းရမှာလည်း ဒီအပတ်အတွင်းကြားတယ်´
'Comeback တောင် လုပ်ရတော့မှာနော်...အခုတလော လက်ခံထားတဲ့ ကြော်ငြာတွေနဲ့ရော အာ...အများကြီး ကြိုးစားရတော့မှာပဲ'
'ဆော့ဂျင်အတွက် Music Producer နဲ့ ဒါရိုက်တာကို သီးသန့်ထားမယ်ပြောတယ်´
'အရင်က ဒါရိုက်တာတွေနဲ့ အဆင်ပြေနေတာကို အသစ်ဆို ကျွန်တော်က ကင်မရာအနေအထားကအစပြောနေရမှာပေါ့'
'အဲ့တာ CEOနဲ့ သွားဆွေးနွေးကြည့်ပေါ့။အခု ဒါရိုက်တာကလည်း သက်တူရွယ်တူမို့ အဆင်ပြေမှာပါ အကိုလည်း ရှိနေတာပဲကို´
'အင်း...အဆင်ပြေမှာပါ။
အစ်ကိုဂျောင်မင်းရော ကင်မ်ဆော့ဂျင် မင်းကိုယ်တိုင်ရော ဒီနေ့အတွက် fighting'ခက်ခဲမယ်ထင်ရတဲ့
နေ့တစ်နေ့တိုင်းကို ဒီလိုပုံစံနဲ့သာ အားပေးပြီး ဖြတ်သန်းနေမိတာပင်။
ခက်ခဲပင်ပန်းမှုတွေကို ကျော်ဖြတ်ပြီး
ကြိုးစားပြီးရင် လိုချင်တဲ့အရာတွေကို
အောင်မြင်ရရှိနိုင်သည်ဆိုတာက သူ့ရဲ့ဆောင်ပုဒ်ပင်။
YOU ARE READING
Melody Of Heart
Fanfiction"ချစ်ရတဲ့အကို့အတွက် မြတ်နိုးခြင်း အပြည့်နဲ့သီချင်းတွေဖွဲ့သီပေးမယ်၊အကိုနဲ့မောင့်ချစ်ခြင်းကိုကိုယ်စားပြုတဲ့ သံစဉ်လေးတွေပေါ့" "ချစ်ရတဲ့အကိုဆော့ဂျင်အတွက် မြတ်နိုးခြင်း အပြည့်နဲ့သီချင်းတွေဖွဲ့သီပေးမယ်၊အကိုနဲ့မောင့်ချစ်ခြင်းကိုကိုယ်စားပြုတဲ့ သံစဉ်လေးတွေပေ...