° 3 °

532 89 38
                                    

Uni

ဒီနေ့က အစ်ကို့  Fanmeeting
နောက်ဆုံးရက်မို့ Ent လည်းသွားစရာမလိုတာကြောင့် ဂျောင်ကု ညအိပ်၀တ်စုံတောင်မလဲဖြစ်ပဲ မနက်စာထစားပြီး ပြန်၀င်အိပ်နေမိသည်။

"ဘာမှမလုပ်ချင်လောက်အောင်ပျင်းလိုက်တာ"

အိပ်ရုံပဲရှိသေး တစ်တီတီ၀င်လာတဲ့ ဖုန်းသံကြောင့် အမြန်ထယူကြည့်မိတော့ အစ်ကိုဂျောင်မင်းဆီကပင်။

'ဂျောင်ကု အစ်ကိုဒီနေ့ အမေ့အိမ်ကို အရေးတကြီးပြန်ရမှာမို့ ဆော့ဂျင် Fanmeeting မှာ အစ်ကို့အစား မန်နေဂျာအဖြစ် တစ်ရက်လောက်အစား၀င်ပေးပါလား၊တောင်းဆိုပါတယ်နော်´

"ဟို အဲ့တာက"

'ကူညီပေးပါနော်...တခြားသူတွေကကျ ဆော့ဂျင်အကြောင်းလည်းသေချာမသိတော့ အဆင်မပြေဖြစ်နေမှာစိုးလို့´

"ဂျွန်မကူညီပေးရင် အလုပ်ဖြုတ်မှာနော်"

"အစ်ကိုကလည်းဗျာ၊ကျွန်တော်ကူညီပေးပါ့မယ်"

စကားအဆုံးတစ်ဖက်ကပြန်ဖြေလာတဲ့အစ်ကိုက တိုက်ခန်းရှေ့တောင်ရောက်နေပြီတဲ့ အပိုင်တွက်ထားတဲ့အပြင် အကျပ်ကိုင်နေတဲ့ အစ်ကိုက တကယ်မလွယ်တဲ့အစ်ကိုပင်။

'အစ်ကို တိုက်ခန်းရှေ့ရောက်နေပြီ ဂျွန်၊တံခါးဖွင့်လိုက်'

"မဖြစ်...မဖြစ်သေးဘူး အစ်ကိုရ"

'၀င်လာပြီနော်'

"တကယ်ကိုခွင့်ပြုချက်တောင်းရမှန်းမသိတော့တာပဲနော်"

'ဂျွန်ကစိတ်ဆိုးတာလား အဲ့တာဆို ပြန်ထွက်သွားတော့မယ်'

"ဘယ်သူကသွားခိုင်းနေလို့လဲ"

'မရဘူး သွားတော့မယ်။အဆူခံရတာ ၀မ်းနည်းတယ် တစ်စက္ကန့်လေးတောင်မနေဘူး...အာ့...ဂျွန်'

"အစ်ကိုရာ...ကလေးလားပြော ဘယ်သူကသွားခိုင်းနေလို့လဲ"

ခါးကိုဖက်ပြီး နံရံထောင့်ကပ်ထားတဲ့အပြင် နှာခေါင်းချင်းထိလုမတတ်အနေအထားနဲ့ သေချာစိုက်ကြည့်ပြီး ပြောနေတဲ့ ဂျွန့်ကြောင့် မနေတတ်တော့၊
မဆီမဆိုင်ရင်တွေပါခုန်လာပြီး စကားတွေပါထစ်ချင်လာသည်။

Melody Of HeartDonde viven las historias. Descúbrelo ahora