° 1 °

1.5K 130 24
                                    

Uni

'SJ...Seokjin ya´

ကားပေါ်ကနေ မဆင်းခင်တစ်ခဲနက်ကြားနေရတဲ့သူ့နာမည်က်ို ခေါ်နေတဲ့ အသံတွေကြောင့် ဆော့ဂျင် ရှက်ပြုံးပြုံးမိသည်။Ent ​ကြောင့် Sololist အနေနဲ့ ပွဲဦးထွက်ရပြီး အများကြီးကြိုးစားရင်း ပရိသတ်တွေရဲ့ အချစ်ကို SJ ဆိုတဲ့ idol တစ်ယောက်အနေနဲ့ ရခဲ့သည်လေ။

အစက အနုပညာအပေါ်မြတ်နိုးတဲ့စိတ်တစ်ခုထဲနဲ့သာ ဂီတလောကထဲ၀င်ခဲ့ပေမယ့် အလင်းစူးလွန်းတဲ့အရာတွေကိုကြောက်တဲ့ သူ့အတွက် ကင်မရာတွေနဲ့အဆင်မပြေခဲ့၊နောက်ပိုင်းမှ အသားကျအောင်ကျင့်ယူရင်း အရင်ကထက်လည်းပိုပြီး တည်ငြိမ်နေနိုင်လာသည်။

'ဆော့ဂျင် အတွေးလွန်နေပြန်တာလား အခုထက်လူပိုမများလာခင် သွားရအောင်´

'ဟုတ်ကဲ့ အစ်ကိုဂျောင်မင်း'

ကားပေါ်ကမဆင်းခင် အစ်ကို ဂျောင်မင်းက သွားလမ်းကိုရှင်းချလိုက်ပြီးမှ တံခါးကိုဖွင့်ပေးသည်။သူလည်းဆင်းတာနဲ့ မီဒီယာ အသီးသီးက ကင်မရာတွေ​ရဲ့ အလင်းရောင်စူးစူးတွေကြောင့် Ent ထဲကိုသာ အမြန်လျှောက်၀င်လာမိသည်။

'ဆော့ဂျင် ဒါက ဒီနေ့အတွက် အချိန်ဇယားတွေ...နောက်ပြီး Comeback အတွက် သီချင်းသွင်းရမှာလည်း ဒီအပတ်အတွင်းကြားတယ်´

'Comeback တောင် လုပ်ရတော့မှာနော်...အခုတလော လက်ခံထားတဲ့ ကြော်ငြာတွေနဲ့ရော အာ...အများကြီး ကြိုးစားရတော့မှာပဲ'

'ဆော့ဂျင်အတွက် Music Producer နဲ့ ဒါရိုက်တာကို သီးသန့်ထားမယ်ပြောတယ်´

'အရင်က ဒါရိုက်တာတွေနဲ့ အဆင်ပြေနေတာကို အသစ်ဆို ကျွန်တော်က ကင်မရာအနေအထားကအစပြောနေရမှာပေါ့'

'အဲ့တာ CEOနဲ့ သွားဆွေးနွေးကြည့်ပေါ့။အခု ဒါရိုက်တာကလည်း သက်တူရွယ်တူမို့ အဆင်ပြေမှာပါ အကိုလည်း ရှိနေတာပဲကို´

'အင်း...အဆင်ပြေမှာပါ။
အစ်ကိုဂျောင်မင်းရော ကင်မ်ဆော့ဂျင် မင်းကိုယ်တိုင်ရော ဒီနေ့အတွက် fighting'

ခက်ခဲမယ်ထင်ရတဲ့
နေ့တစ်နေ့တိုင်းကို ဒီလိုပုံစံနဲ့သာ အားပေးပြီး ဖြတ်သန်းနေမိတာပင်။
ခက်ခဲပင်ပန်းမှုတွေကို ကျော်ဖြတ်ပြီး
ကြိုးစားပြီးရင် လိုချင်တဲ့အရာတွေကို
အောင်မြင်ရရှိနိုင်သည်ဆိုတာက သူ့ရဲ့ဆောင်ပုဒ်ပင်။

Melody Of HeartWhere stories live. Discover now