° 2 °

603 102 52
                                        

Uni

'ဆော့ဂျင် Comeback Album အတွက် အကုန်ပြင်ပြီးပြီဆိုတော့ FanMeeting အတွက် ပြင်ထားဦးနော်´

'ဟုတ်ကဲ့ အစ်ကိုဂျောင်မင်း'

'အော် ဒါနဲ့ ပုံတွေအချောသတ်အကုန်ရလာပြီ...Photobook Poster PC အကုန်လုံးအတွက် ပုံကတော်တော်ကောင်းတာပဲ´

အစ်ကိုဂျောင်မင်းပြောတော့ ပုံတွေကိုယူကြည့်ကြည့်တော့ ဂျွန့်လက်ရာတွေကသေသပ်လွန်းစွာပင်၊သူလိုချင်တဲ့အနေအထားကိုတိကျလွန်းစွာထွက်လာသည်။ဒီကြားထဲလည်း အချိန်ကြာတော့ဂျွန်နဲ့ပိုရင်းနှီးလာတာမို့ တပူးပူးတတွဲတွဲဖြစ်လာပြီး အ​ရင်ကထက်အများကြီး အဆင်ပြေလာသည်။

"ဟက်ချိုးးး...ကျစ် တစ်မနက်လုံးကို ချေနေတော့တာပဲ"

'ဂျွန် အဆင်ပြေရဲ့လား'

"ဟုတ် ပြေပါတယ် အစ်ကို"

'နားထင်ကြောတွေပါထင်းနေပြီရော် ဘယ်လိုဖြစ်ရတာလဲ ရေချိုးတာကြာတာလား'

"ဟုတ်တယ် အစ်ကို...မနေ့ကအပြန်မှာ ခေါင်းလျှော်လ်ိုက်တာနဲ့"

'ဒီနေ့ Shooting လည်းမရှိဘူး၊ဂျွန် အိမ်ပြန်ပြီးနားမလား'

"ရပါတယ် ဆေးသောက်လိုက်ရင်ကောင်းသွားမှာပါ"

'အစ်ကို ဆေးသွား၀ယ်ခိုင်းလိုက်မှာမို့ ခဏမှေးနေလိုက်၊ရော့ ဒီကုတ်ကနွေးတယ် ခြုံထားလိုက်'

"ကျေးဇူးပဲ အစ်ကို"

'ရပါတယ် ဂျွန်ရဲ့'

အစ်ကိုဂျောင်မင်းကိုဆေးနဲ့ အစာပြေစားဖို့ သွား၀ယ်ဖို့ပြောပြီး နားနေခန်းကိုပြန်လာတော့ ဆိုဖာပေါ်မှာ ရှေ့သွားလေးတွေပေါ်တဲ့အထိ နှုတ်ခမ်းလေးဟပြီး အိပ်ပျော်နေတဲ့ ဂျွန်က သုံးနှစ်သားလေးလို ချစ်စရာလေးပင်။အိပ်နေတဲ့သူကို မစသင့်မှန်းသိပေမဲ့ Necktie ထိပ်စလေးနဲ့ နှုတ်ခမ်းနားကို သွားသွားထိတော့ ယားသည်ထင် လျှာသပ်ပြီး မျက်လုံး၀ိုင်းလေးတွေနဲ့ ကြောင်ကြည့်လာသည်။

'နိုးသွားတာပဲ'

"အစ်ကိုဘာလုပ်နေတာလဲ"

'ငါးဖမ်းနေတာလေ၊ဂျွန်အိပ်နေတာ ဒီလိုလေး'

ဂျောင်ကု အရှေ့မှာ သူအိပ်နေတဲ့ပုံစံကို လုပ်ပြနေတဲ့ အစ်ကို့ကိုကြည့်ပြီး ရယ်မိသားပင်၊တကယ် တော်တော်လေးခင်သွားတော့ အစ်ကိုက ပြောင်စိန်လေး။သူ့ idol မှာ အခုလိုချစ်ဖို့ကောင်းတဲ့ အမူအကျင့်လေးတွေကို အနီးကပ်မြင်ခွင့်ရတာ သူက ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်မည်။

Melody Of HeartWhere stories live. Discover now