° 4 °

558 82 34
                                    

Uni

"အစ်ကို ထတော့၊အစ်ကိုဂျောင်မင်း လာကြိုတော့မယ်"

'အင်း တစ်မိနစ်လောက်ပဲ'

တစ်မိနစ်ပြောပြီး သူ့စောင်ကြီးဆွဲခြုံပြီး ပြန်အိပ်သွားပြန်တဲ့ အိပ်ပုတ်လေး​ပင်။ညက ဖွင့်ပြောပြီးတော့ သူသိတဲ့
အစ်ကို့ရဲ့အကြောင်းတွေ၊အစ်ကို့ကို သူဘယ်လိုချစ်ခဲ့ပါတယ်ဆိုတာ ပြောပြပေးဆိုလို့ ပြောပြပေးရတာ ညနှစ်ချက်ထိုးသွားသည်မို့ မနက် 10 ထိုးတော့မယ်...အခုချိန်ထိ မထနိုင်သေးတာပင်။

"အခုမထရင် ကလိထိုးမှာနော်"

'အားးမလုပ်နဲ့ ဂျွန်၊ဟဟ ယားတယ်ဆိုနေ ဖယ်တော့...အခုထပြီ။အကြင်နာတရားမရှိတဲ့ ဂျွန်ယုန်ကြီး ဘာမှန်းကိုမသိဘူး'

"Idol လေဗျာ၊အိပ်ပုတ်ကြီးနေလို့မှမရဘဲက်ို"

'သိပါတယ်၊ဆရာကြီးလုပ်နေတာပဲ'

"ချစ်လို့စတာပါ ကျွန်တော့် Idol ရာ"

'အိုကေပါ အစ်ကို့ပရိသတ်လေး'

"ရေနွေးစပ်ပေးထားတာမို့ ရေသွားချိုးလိုက်၊ကျွန်တော့်ဆီမှာ အစ်ကိုသုံးတဲ့ ပစ္စည်းတော်တော်များများရှိတယ်"

'တကယ်ကြီးလား'

"Omm...ဒီမှာလေ lip balm ကအစရှိတယ်"

'အာ...မိုက်လိုက်တာ၊Dorm မှာကုန်တော့မှာ အပြန်ကျရင် ဂျွန့်ဆီက အကုန်ယူသွားလို့ရတယ်မလား'

ပစ္စည်းတွေကို အရောင်လဲ့နေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး အိမ်ကိုအကုန်သယ်သွားချင်နေတဲ့ အစ်ကိုက Blackcard ပိုင်ရှင် ဟုတ်ရဲ့လားတောင် မေးယူရမည့်သဘောပင်။

"အစ်ကို့သဘော အကုန်ယူသွားလိုက်"

'ချစ်ဖို့ကောင်းလိုက်တာ ဂျွန်က'

ရေချိုးခန်းထဲ၀င်သွားပြီး တော်တော်ကြာတော့ စူးခနဲထွက်လာတဲ့ အစ်ကို့အသံက အံ့သြနေဟန်။

'ဂျွန် ရေချိုးဆီကို အထဲမှာ အဆီမကျန်အောင်ဘယ်လိုသုံးထားတာလဲ၊အမွှေးဆီကလည်း နည်းနည်းလေးကျန်တာကိုမပစ်ဘဲရေရောထားတယ်'

အစ်ကိုပြောတော့မှ ဘူးတွေလဲခဲ့ရမှာမေ့တာကြောင့် ရှက်ပြီး ငိုချင်သွားသည်။သူက အစ်ကို့ထက် ပိုကပ်စီးနဲလောက်ပါသည်။ပစ္စည်းဆို အကုန်ကုန်သွားမှ သုံးရကျိုးတန်တယ်တွေးထားတာက အခုတော့နောင်တရလာသလိုပင်။

Melody Of HeartWhere stories live. Discover now