° Final °

786 81 30
                                    

Uni

'ဆော့ဂျင် ဒါတွေကဘာတွေလဲ´

'အဲ့ထဲကလိုပါပဲ CEO'

'ဘာတွေလုပ်နေလဲရော ကိုယ့်ဘာသာကိုယ်သိလား ဆော့ဂျင်၊Public ထိကျတော့ ဘယ်လိုဖြေရှင်းမလဲ´

'တောင်းပန်ပါတယ်၊ဒါပေမဲ့ ဂျွန်နဲ့တော့ လမ်းမခွဲနိုင်ပါဘူး'

'ဆော့ဂျင်!!´

'ကျွန်တော် ဂျွန့်ကို လမ်းမခွဲနိုင်ပါဘူး၊ဘယ်လိုပဲဖြစ်လာဖြစ်လာ ရင်ဆိုင်မှာမို့ တောင်းပန်ပါတယ် အရာအားလုံးအတွက်'

'Media တွေကစုနေပြီးသား၊သတင်းစာရှင်းလင်းပွဲနဲ့ ကြေငြာချက်လုပ်ရုံပေါ့´

'IDOL အဖြစ်ကနေလည်း နှုတ်ထွက်ပေးပါ့မယ်၊စာချုပ်ဖျက်သိမ်းတာရောပါ လုပ်ပေးပါ့မယ်'

'ဆော့ဂျင်၊လျှောက်ပြီးသားလမ်းတစ်ခုက ပင်ပန်းမယ်ဆိုတာသိတယ်မလား...အရှုံးမပေးပဲနဲ့ ဆက်ပြီး ကြိုးစားကြည့်ရုံပေါ့၊ဆော့ဂျင်ရဲ့ CEO က အောင်မြင်လည်းအတူတူ ကျရှုံးလည်း အတူတူရှိမဲ့ အမြဲတမ်း CEO ပါပဲ´

'CEO nim က ကျွန်တော့်အတွက် အဖေတစ်ယောက်လိုပါပဲ၊ကျေးဇူးအများကြီးတင်ပါတယ်'

'မလိုပါဘူး၊အခုမှ ခရီးကပြန်လာတာမလား နားလေ၊သတင်းစာရှင်းလင်းပွဲကို စီစဥ်ထားလိုက်မယ်´

'ဟုတ်ကဲ့ CEO'

CEO ဆီက မထင်ထားတဲ့ စကားတွေ ကြားရတာက မျက်ရည်မလွယ်တဲ့သူတောင် မျက်ရည်ကျခဲ့သည်လား။
ဖြစ်သွားတဲ့ ကိစ္စတွေအပေါ် ဂျွန့်မိသားစုကလည်း မကန့်ကွက်၊ဖေဖေနဲ့မေမေက သိပြီးလောက်ပေမဲ့ ပြောဖို့မရဲသေး။အောင်မြင်မှုကို မက်မောတဲ့ မိဘတွေ မဟုတ်မှန်းသိပေမဲ့ လက်ခံနိုင်ဖို့ ခဲယဥ်းလောက်သည်ပင်။

"အစ်ကို အဆင်ပြေရဲ့လား"

'အော် အင်း၊ဂျွန် ရောက်လာပြီလား'

"အဆင်ပြေရဲ့လား ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော် မဆင်ခြင်ဘဲ လုပ်လိုက်တာ အစ်ကို့ကို ထိခိုက်သွားစေတာပဲ"

'မဟုတ်တာ ဂျွန်ကလည်း ထပါ။အစ်ကို့ရဲ့ ဂျွန်က မမှားပါဘူး၊အခုလည်း CEO က အဆင်ပြေပါတယ်။သတင်းစားရှင်းလင်းပွဲ လုပ်ကြဖို့တော့ ပြင်ထားတယ်'

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 28, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Melody Of HeartTempat cerita menjadi hidup. Temukan sekarang