unicode-zawgyi//part-1

19 1 0
                                    

"ထားလိုက်စမ်းပါ ကောင်လေးရာ
အိတ် နှစ်ဆယ်တောင်ယူထားတာကို"

"ဟာဗျာ..မရပါဘူးဆို ဦးလေးကလည်း
တစ်အိတ်မှ ခုနစ်ရာဘဲမြတ်တာဗျ..!.."

ဟုတ်တယ်..သူတကယ် စိတ်တိုနေ‌လေပြီ။
တစ်အိတ်မှ ခုနစ်ရာဘဲတော့မဟုတ်..ထောင့်နှစ်ရာလောက်မြတ်ပေမယ့် မြင်ပြင်းကပ်၍
လျှော့ပြောလိုက်ခြင်း...။
တစ်အိတ် နှစ်ရာစီလျှော့ဆိုတော့ ကိုယ်က အလှူလုပ်နေတာလည်းမဟုတ်ပါဘဲ။
လူတွေဟာလေ သူ့ကိုဆို ကလေးဆိုပြီး သိပ်ကိုအနိုင်ကျင့်လွန်းသည်။မီးသွေးရောင်းတယ်ဆိုပြီး
အထင်မြင်သေးချင်ကြသည်...
လူကသာ မီးသွေးကြောင့် မဲနေပေမယ့်
ကိုယ့်အံဆွဲမှာ ငွေစာရွက်လေးတွေကတော့
ဖွေးဖွေးလှုပ်နေ‌လေသည်..ဒီပိုက်ဆံတွေနဲ့
ကိုယ်က တက္ကသိုလ်တက်ရမှာမို့
နှစ်ရာမပြောနဲ့..နှစ်ပြားတောင် မလျှော့ပေးနိုင်ပေ

""ဒီမှာ ဦးလေး ဝယ်ချင်ဝယ် မဝယ်ချင်နေ..
မီးသွေးကို လာပြီးဈေးဆစ်နေရအောင်
ခင်ဗျားမိန်းမကို တင်တောင်းနေတာမဟုတ်ဘူး

သိထားဖို့က ခွန်အိုးညို ဆိုတဲ့ ကျုပ်ဆီက
မီးသွေးက အရည်အသွေးအကောင်းဆုံးဆိုတာ
ဒီမြို့က သူဌေးမက ခွက်ဆွဲသမား အဆုံး
သိတယ်..ခင်ဗျား ကိုယ့်ဘာသာဖုတ်ရင်တောင်
မီးသွေးမပြောနဲ့ ထင်းတောင် မီးစွဲမှာမဟုတ်ဘူး
ခင်ဗျားမလုပ်နိုင်တာကို ရောင်းပေးတဲ့ကျုပ်ကို
တန်ရာတန်ကြေးတော့ပေးသင့်တာပေါ့ဗျ..""

ဟွန့် ..ဖြစ်သွားတဲ့ရုပ်ကိုက ဒီနေ့ရ ကျေနပ်စရာမြင်ကွင်းဘဲ..ခံလေ ခံပေါ့.. ။ကလေးဆိုတိုင်း
အထက်စီးကနေ လာပြီး သေးသေးတင်ချင်
နေတာ..လုံးကြီးတင်ပြီး ဆံပါခတ်လိုက်တော့
ဘယ့်နှယ့်နေသေးလဲ..ဟမ်..
သူ့မိန်းမတောင် ကိုယ့်စကားအောက် အိမ်မှာနေရင်း ပက်လက်ကြီးမျောပါသွားတာဘဲလေ..။

"အေးပါ မင်းစကားမင်းတည် ..မီးသွေးရဲ့မျက်နှာကြောင့် မင်းကိုငါ အလျှော့ပေးလိုက်မယ်
လူက လက်တောက်လောက်နဲ့.."
"ဟက် လက်တောက်ကလူပါဘဲ ကျုပ်အဖိုးတန်လေးကတော့ ကြီးသဗျ..ခင်ဗျားသမီးသာမြင်ရင်
မျက်ဆံပြူးလောက်လေရဲ့.."
"ဘာကွ..မင်း.."ဆိုကာ လက်သီးရွယ်လာ၍

ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့(ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့)Where stories live. Discover now