"ကောင်လေးတွေထတော့ ခြောက်နာရီထိုးပြီ"
ဟု အဆောင်မှူးက ဆော်ဩသဖြင့် အိုးညို နိုးလာခဲ့သည်။"စာမေးပွဲလည်းမြန်မြန်ပြီးလေမှဘဲ လူနှိုးစက်ကြီးရဲ့ အသံကိုမနက်တိုင်းကြားနေရတာ သည်းခြေတောင်ပျက်တော့မယ်"
"ဟုတ်ပါ့ကွာ အာ့ကြောင့်လူပျိုကြီးဖြစ်တာနေမှာ
အသံသေးအသံကြောင်ရုံမကဘူး ဟိုဟာပါ
သေးကျုံ့နေလို့ဖြစ်မှာ"ဟု ထူးထက်က အပြတ်အသတ်ထောက်ခံလေသည်။"မြန်မြန်သွက်သွက်လုပ်ကြ စာမေးပွဲက ဖင်ကြားညှပ်နေပြီ လူပျင်းလူပေ လုပ်မနေကြနဲ့"
'အံမယ် သူကတပြန်ဟောက်နေသေး'
အိုးညိုလည်းအမြင်ကပ်ကပ်နှင့် သူ့ဘေးနားရောက်ချိန်တွင်.."အရူးအရူးချင်းတူတူတောင် တမူးကသာချင်သေးတာကွ အဲ့ကောင်က"ဟု ထူးထက်ကို
ပြောပြသလိုနှင့် သူကြားအောင်ကျယ်ကျယ်ပြောလိုက်သည်။"ခွန်အိုးညို....ဘယ်သူ့ကိုပြောနေတာလဲ"
"ဗျာ...ဪ ကျောင်းကကောင်တွေအကြောင်းပြောနေတာပါ ကိုကြီးအကြောင်းမဟုတ်ပါဘူး
အကိုကြီးအမေနိုးလို့ စောစောနိုးမှန်းလည်း
သိပါတယ် .ကိုကြီးလာနိုးလို့ ကျွန်တော်တို့
ထရတာကိုလည်းကျေးဇူးတင်ပါတယ်ခဗျ ..
ကိုကြီး ရဲ့ လုံ့လဝီရိယကောင်းမှုကြောင့် မိန်းမ
မရသေးမှန်းလည်းသိပေမယ့် မျင်မြင်တွေ့ရအောင်လို့ မျက်နှာသွားသစ်လိုက်ပါအုံးမယ်
တာ့တာ..."ဟု စကားနှပ်ခဲ့ပြီး ရေကန်သို့အသော့ပြေးဆင်းလာခဲ့လိုက်သည်။ထိုလူကြီးရဲ့ ငါးပိဖုတ်မီးတူးနေတဲ့ ဒေါသပုံရုပ်ကြီးကိုမြင်ယောင်မိပါသေးသည်။
ခံပေါ့...ခွန်အိုးညိုက နှပ်သမျှခံနေရအောင်
လက်ဖက်မှမဟုတ်ဘဲ~~~>>>
"ဒီဇေး..မနက်ဖြန်ဟဲဟိုးဈေးကို မကြီးမလိုက်လည်းဖြစ်တယ်မလား"
"အွန်းရတယ်လေ နင့်သမီးအငယ်မလေးက
နေကောင်းသေးတာမဟုတ်ဘူး သူ့ကြီးကြီးနဲ့ထားခဲ့ရင်လည်း တစ်နေ့လုံးဂျီနေမှာ အမိက""အေးလို့ ၊ခမ်းယာလေးက မူးယာလိုမဟုတ်ဘူး
နေမကောင်းရင် အမေရှိမှ အမေဘေးမှာမရှိရင်
ဂျီလိုက်တာဆိုတာ ငါတောင်နေမကောင်းဖြစ်ချင်သွားတယ်ဟယ်"
YOU ARE READING