unicode_zawgyi//part-3

11 1 0
                                    

"မကြီးနင်ဘာစားမှာလဲ,.ဘာဝယ်လာခဲ့ရမလဲ"
"အေ ဟင်းထုပ်ဝယ်လာ နင်စားချင်တာစားပြီးမှပြန်လာခဲ့ ..စောနေသေးတော့ လူမကျသေးဘူး
အယ်ဇေးရဲ့..ငါတစ်ယောက်တည်းဖြစ်တယ်
သွား..သွား..."
"ဟုတ် မကြီး"

ကျွန်တော်တို့အခု ဟဲဟိုးဈေးသို့ရောက်နေခြင်းဖြစ်သည်။ပြောရမယ်ဆို ‌မကြီး ဈေးလာရောင်းခြင်းပင်။ကျွန်တော်တို့က ဆီတွေကို နန့်ပန်မှာလည်းရောင်းသလို တစ်ပတ်မှာ နှစ်ရက်တော့
ဟဲဟိုးဈေးနဲ့ တောင်ကြီးဈေးကို ဈေးပတ်လိုက်သည်။

"ဘာစားမလဲ အကို"
"ဝက်သားချဉ်နဲ့ငါးထမင်းအရော တစ်ပွဲ နဲ့ဟင်းထုပ်တစ်ပွဲ ပါဆယ် ညီမ~~ဟင်းထုပ်က အပြန်မှယူမယ်"
"ဟုတ်ပြီ အကို"

"ဒီဃာဇေး..!!"

"ဘောမို့ အကျယ်ကြီးအော်နေတာလား ငါ့မြင်ရင်လာလိုက်ပေါ့ကွ"ဟု မာန်မဲလိုက်သည်။
  တကယ်ပါ,လူတောင်လန့်ပြီး ခါထွက်သွား
သည်။ သန့်လင်းနောင် ဆိုတဲ့ ဟဲဟိုးက သူငယ်ချင်းပင်။ဈေးပတ်လာရင်းနဲ့ခင်သွားတာပါဘဲ ..
"ဟဲ..ဟဲ မင်းကလည်း မင်းကိုတွေ့ပြီးပျော်သွားလို့ပါကွ"
"ဘာလဲ  ငါးထမင်းစားချင်လို့မလား"
"ဖြစ်ရမယ် ငါးထမင်းလောက်တော့ဝယ်စားနိုင်ပါတယ်ကွ"ဟု ပါးစပ်ကြီးကို ဘယ်ရွဲ့လိုက် ညာရွဲ့လိုက်နှင့်ပြောနေလေသည်။

"အေး ပြီးရော ငါစားရင် လာမကပ်စားနဲ့ မင်းကို
ငရုတ်သီးစေ့ တစ်စေ့တောင်မကျွေးဘူး"လို့ပြန်ပတ်လိုက်ပြီး လာချတဲ့ အရောပွဲလေးကို အားရပါးရစားပြလိုက်သည်။

'ကပ်စေးနဲ ကော်တစ်ရာ ..ဝယ်စားမလားမှတ်တယ် ရေနွေးကြမ်းကို အလကားရတိုင်း တဖူးဖူးမှုတ်သောက်နေလေသည်။

••••
"ထူးထက် မင်းဘာစားမှာလဲ ငါက ဟင်းထုပ်သွားစားမှာ မင်းလည်းမင်းစားချင်တာသွားစား"
"မင်းစားတာဘဲစားမှာပေါ့  တစ်ပွဲနှစ်ယောက်စားရအောင်"
              
"စလာပြီ..သူတောင်းစားက,မင်းစားချင် မင်းဘာမင်းဝယ်စား တစ်ပွဲနှစ်ယောက်စားရအောင် ငါ့အစာအိမ်က  လက်သီးဆုပ်လောက်မဟုတ်ဘူး
လင်ဗန်းလောက်ကြီးရှိတယ်"
"ဒါမယ့် ငါမှ တစ်ပွဲလုံးမကုန်တာကွ ကျန်နေရင်နှမြောစရာကြီးကို"
"စိတ်ပူမနေနဲ့ ငါ့ကိုတစ်ဝက်ပေးလိုက်"
"အာ့ဆို မင်းပိုက်ဆံတစ်ဝက်စိုက်"

ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့(ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့)Where stories live. Discover now