unicode_zawgyi//part-4

6 2 0
                                    

*ဈေးရုံး*

"ကဲ ဟင်းထုပ်သည်အမ ပြောပြတဲ့ ထဲမှာတော့ နှစ်ယောက်လုံး မှားကြတာပါဘဲ"

"ဒီကမောင်ရင်က ခုံနဲ့လည်းရိုက်‌သလို ခုံလည်းကျိုးသွားတယ်မလား..အဲ့တော့ ဒီကအန်တီကို ခုံအသစ်တစ်လုံးဝယ်ပေးရမယ် ..နောက်ပြီး  နှစ်ယောက်လုံး ဆိုင်ရှင်ကိုတောင်းပန်ကြပါ ..၊နောက် ဒီက မောင်ရင်က ဒီကအကိုကို တောင်းပန်လိုက်ပါ .ခုံနဲ့ရိုက်ထားတယ်မလား
ဦးလေးတို့ကတော့ ပြဿနာကို အကျယ်အကျယ်မဖြစ်ချင်ဘူး...ဒါကြောင့်မို့ ခုပြဿနာကို ဒီလောက်နဲ့ရပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်"

"ဟုတ်ကဲ့  ကျွန်တော် ဒီကအန်တီရဲ့ဆိုင်မှာ အနှောင့်အယှက်ပြုမိတာကို တောင်းပန်ပါတယ်
နောက်ပြီး ဆရာကြီးခဗျ ဒီကကောင်လေးရဲ့ အုပ်ထိန်းသူများကိုသိရင်လည်း သေချာအပ်ပြီးတော့ ဆုံးမခိုင်းပေးပါ သူများပစ္စည်းကို စိတ်နဲ့တောင်မပြစ်မှားရဘူးဆိုတဲ့အကြောင်း"ဟု ထို
ဟင်းထုပ်ကောင်ကိုကြည့်၍ပြောလိုက်သည်။

"ဘာကြီး...ဘာကိစ္စ ငါ့အုပ်ထိန်းသူက ပါလာရတာလဲ ..ဒီမှာ ခုဖြစ်တဲ့ပြဿနာက ခင်ဗျားနဲ့ ကျုပ်နဲ့ဘဲလေ ဘာကိစ္စ ဟိုလူဆွဲထည့် ဒီလူဆွဲထည့်နဲ့....ဘာလဲ ပြဿနာကို မကိုင်တွယ်တတ်လို့
တစ်ဖက်လူ စောက်သည်းပေါက်အောင်ပြောနေတာလား...အာ့လိုဆိုရင်တော့ ခင်ဗျားအကွက်ကြီးကို နောက်လူအတွက်ထားလိုက်တော့
ခင်ဗျား တောကွက်တွေက ကျုပ်ကို
တိုး  မ  ပေါက်  ဘူး.."

"ဘာ..မင်း..!တောက်.. ငါကွာ...!!"

".."

"ဦးလေးဒီကိစ္စကို ဒီမှာဘဲရပ်ပေးပါ ကျွန်တော်
သွားလိုက်ပါအုံးမယ်"ဟုပြော၍ ချက်ချင်းထပြန်လာခဲ့လိုက်သည်။

စိတ်တိုသည်။  ‌ေဒါသထွက်လွန်းလို့ ခက်တင်းတင်းဆုပ်ထားသောလက်သည်ပင် သွေးရောင်ပေါက်နေလေပြီ။တစ်မနက်လုံး ဟင်းထုပ်တစ်ပွဲနှင့် ငါးပါးမက ဆယ်ပါးလုံးမှောက်ချေပြီ..။မကြီးတော့ဘယ်လိုနေမည်မသိ..၊
စားပြီးပြီဘဲလား...ကျွန်တော့်ကိုစောင့်နေတုန်းဘဲလားမသိ။
>>>

ကဲ..တစ်ပူအေးပြီ။

"ဟုတ် ကျွန်တော်လည်း ဒီကအန်တီကြီးကိုတောင်းပန်ပါတယ်..ခုံဖိုးလည်းပေးခဲ့ပါ့မယ်
အဲ..ဟိုတစ်ယောက်တော့ မရှိတော့လို့မတောင်းပန်တော့ဘူးနော် ဦးလေး..ဟဲ..ဟဲ"

ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့(ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့)Where stories live. Discover now