/zawgyi_part••6/

0 0 0
                                    

"မင်းပါဘဲလား  ခွန်အိုးညိုရယ်"ဟု တီချယ်ကြီးက ကျွန်တော့ကိုတွေ့တာနှင့် နှုတ်ခွန်းဆက်တော့သည်။

"တောင်းပန်ပါတယ်သားရယ် အိုးညိုကလေ
အဆောင်မှာဆိုမျောက်လောင်းဘဲ ဟိုလူလိုက်စ
ဒီလူလိုက်စနဲ့ရယ် ၊ သားကိုတွေ့တော့ သူ့အကိုလို
သူငယ်ချင်းလို တွေးပြီးတော့ စလိုက်တာနေမှာ
သားလည်းတော်တော်လန့်သွားမှာဘဲနော်"

   လန့်မလန့်တော့ မပြောနဲ့။ အခုထိ ရင်ဘက်က
ကတုန်ကရင်နှင့်  ကြောက်အားကြီးတာတော့
မဟုတ်ပေမယ့် ရုတ်တရက် ကြီးတွေ့လိုက်ရတော့
မလန့်ရိုးရှိပါ့မလား။

"ဟုတ်ကဲ့ ရပါတယ်အန်တီ  ကျွန်တော်လည်း
ရုတ်တရက်မို့လန့်သွားတာပါ  နဂိုကတည်းကမှ
ရုပ်ဆိုးပါတယ်ဆို  မျက်နှာဇောက်ထိုး 
လျှာနောက်ဂျွမ်း  မျက်လုံးအပေါ်စိုက်  ထားတာလေဗျာ ကျွန်တော်မလန့်ရိုးရှိမလားဗျ  "

"ဘာဗျ..! ရုပ်ဆိုးတယ် ..ရုပ်ဆိုးတယ်ဟုတ်လား
ကိုယ့်မျက်ချေး ကိုယ်မမြင် သူများမျက်ချေးမှမြင်တတ်တဲ့လူစားဘဲ ခင်ဗျားက ..ကြည့်ရတာ
ခင်ဗျား အိမ်မှာမှန်မရှိဘူးထင်တယ်  ဪ..
ခင်ဗျားရုပ်က အကျည်းတန်နေတာဆိုတော့
မှန် ဘယ်ထားလိမ့်မလဲနော"ဟု ထိုလူအထိနာစေရန် ပြောထည့်လိုက်သည်။ဘယ်သူဖြစ်ဖြစ်
ကိုယ့်ကို ရုပ်ဆိုးသည်ဟု နှုတ်နဲ့ဖြစ်ဖြစ်
အကြည့်နဲ့ဖြစ်ဖြစ် ကြည့်ခြင်း၊ပြောခြင်းက
ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ စိတ်ထဲ ဘဝင်မကျဖြစ်တာကတော့အမှန်ပင်။သို့သော်..ထိုသူက‌တော့ခပ်သဲ့သဲ့ရယ်လျှက်...

"ညီလေးက  ရုပ်ချောခြင်းရဲ့အရသာကို မသိတော့ သိမ်ငယ်ခြင်း နဲ့ ရှက်ရမ်းရမ်းခြင်းဆိုတဲ့
စိတ်တွင်း ခံစားမှုတွေပေါင်းပြီး  ပြောတာမှန်း
ကိုကို ကသိတာမို့ စိတ်မဆိုးဘူးနော် ညီလေး
အဲ  နောက်ပြီး   ကိုကိုက အိုးညိုထက်ကြီးတော့
နောက်ခါများတွေ့ရင် ယဉ်ကျေးစွာနဲ့ ကိုကိုလို့ခေါ်နော် အိုးအိုး" ဟု ခေါင်းပုတ်၍ အမြန်ပြေးထွက်လာခဲ့လိုက်သည်။မဟုတ်ရင် ထိုကလေးက ပြန်ဆော်တော့မည်။
အဟား...ကျွန်တော်အခု ထို အိုးပုတ်ကို
အနိုင်ပိုင်း ခဲ့နိုင်တာမဟုတ်လား။တော်တော်
အူမြူးဖို့ကောင်းသည်ဘဲ..ပါးစပ်တောင် စိမရ
ဖြစ်နေသည်မှာ။

ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့(ချစ်ခြင်းဋီကာ ဘယ်မှီပါအံ့)Where stories live. Discover now