အပိုင်း ( ၁ ) / အပိုင္း ( ၁ )

5.1K 130 0
                                    

Unicode
အပိုင်း ( ၁ )

မနက်ခင်းဝေဟင်ဝေလင်း ဆောင်းအကုန်နွေအကူး နေရောင် မတွန့်လူးမှီအချိန် မနက်ခင်း လေးနာရီလောက်တွင် ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ လူသွားလူလာသိပ်မရှိသေးပေမဲ့ မနက်ခင်းစျေးသွားကြသူများနဲ့ အုန်းပေါင်းကောက်ညှင်းပေါင်းခေါင်းရွက်သည်တချို့ကတော့ ရှိနေသည်။ ထိုရပ်ကွက်ရဲ့လမ်းဆုံတစ်နေရာနဲ့ခပ်လှမ်းလှမ်းက ခြေတံရှည်အိမ်ကလေးဘေးမှာ ရှိတဲ့မီးဖိုချောင်ပုံစံတဲလေးမှာတော့ မီးခိုးတွေတလူလူထွက်နေကာ ချက်ပြုတ်သံများနဲ့အတူတူ အဖွားတစ်ယောက်နဲ့ကောင်ကလေးတစ်ယောက်တို့ဟာ အလုပ်ရှုပ်နေလေရဲ့။

" ကဲပါ မြေးရယ် သွား စားသာ ကျက်ချေ ဒါတွေက အဖွားလုပ်နေကျအလုပ်တွေ မြေးသာ ဒီနှစ်ကို ဆယ်တန်းအောင်ဖို့ကြိုးစားဖြေ ဆောင်းကုန်ပြီဆိုပေမဲ့ ရာသီဥတုက အေးသေးတယ် လူက ကျန်းမာရေးချို့ရတဲ့အထဲ သွားသွား အိမ်ထဲပြန်ဝင်နေ "

" ရပါတယ် အဖွားရဲ့ သားက အဖွားကို ကူညီချင်လို့ပါ ဒီဟင်းရည်အိုးလေးကျက်သွားရင် သားစာသွားကျက်မှာပါ "

" ကဲ ပြောမရလည်း လုပ်ပါတော် ရော့ အဖွားအင်္ကျီလက်ရှည်လေးကိုတော့ ဝတ်ထား အပြင်ထွက်ပြီး အိမ်ထဲပြန်ဝင်ရင်လည်း အအေးကပတ်အုန်းမယ် "

" ရပါတယ်အဖွားရဲ့ သားစောင်ခြုံထားတာပဲ အဖွားသာ ဝတ်ထားပါ "

ငြိမ်းခရာ ဒေါ်နုနုရင်ပေးတဲ့ဖျင်ကြမ်းအင်္ကျီလက်ရှည်ကို ငြင်းလိုက်ကာ သူ့ကိုယ်မှာ ခြုံထားတဲ့ စောင်ပါးလေးကို ရင်ဘတ်ထိလုံအောင် ဆွဲပတ်လိုက်သည်။ ငြိမ်းခရာတို့က အဖွားရယ် ငြိမ်းခရာရဲ့အမွှာညီမဖြစ်သူ ငြိမ်းခတ္တာရယ် သူရယ် မိသားစုသုံးယောက်သာရှိပြီးအေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရသည်။ ငြိမ်းခရာတို့အဖွား ဒေါ်နုနုရင်က သူတို့မောင်နှမနှစ်ယောက်လေးနှစ်သားအရွယ်မှာ အမေတို့ဆုံးသွားပြီးကတည်းက မုန့်ဟင်းခါးရောင်းပြီး ပြုစုစောင့်ရှောက်ခဲ့သည်မှာ ယခုဆိုလျှင် ခရာ့အသက်က ဆယ့်ခုနှစ်နှစ်ရှိနေပြီဖြစ်သည်။ အရင်တုန်းကတော့ အဖွားကမုန့်ဟင်းခါးတစ်မျိုးတည်းသာရောင်းပြီး ခုနောက်ပိုင်းကျတော့ ခရာတို့ရဲ့ကျောင်းစရိတ်ကိုထောက်ပံ့ဖို့အတွက်ထမင်းကြော် မုန့်တီသုပ် ခေါက်ဆွဲသုပ် ခေါက်ဆွဲကြော် ကြာဇံကြော်တို့ကိုပါ တွဲပြီးရောင်းလာခဲ့သဖြင့် မနက်အစောကြီးထကာဆိုင်ဖွင့်ရန်အတွက် မီးဖိုချောင်လေးထဲမှာ မြေးအဖွားနှစ်ယောက်ပြင်ဆင်နေခြင်းဖြစ်သည်။

သူပြောသော ​ကြယ်ကြွေပုံပြင် ( သူပြောသော ​ကြယ်ကြွေပုံပြင် ) [ Completed ]Where stories live. Discover now