Unicode
အပိုင်း ( ၁၈ )မနက်မိုးလင်းတော့ ငြိမ်းခရာ မူးနောက်နေတဲ့ခေါင်းကိုအသာဖိကာ နိုးလာသည်။ သို့သော် သူ့ဘေးမှာ သက်မင်းပိုင်ကိုမတွေ့တာကြောင့် အိမ်နောက်ဖေးကိုသွားပြီး ရှာသည်။ သို့သော် မတွေ့။ အခြားနေရာတွေကိုလည်း လိုက်ရှာကြည့်ပေမဲ့ မတွေ့တာကြောင့် အပြင်သွားတယ်ဟုသာ တွေးလိုက်သည်။ ထို့ကြောင့် မီးဖိုထဲဝင်ကာ မနက်စာစညးရန် တစ်ခုခုစီစဥ်လိုက်သည်။ ပထမတစ်ခါရောက်ဖူးပြီးသားမို့ ဘယ်နေရာ ဘာရှိသည်ကို သူအလွတ်ရသည်။ နေ့လည်လောက်ရောက်တော့ ငြိမ်းခရာ အိမ်ထဲမှာပျင်းပျင်းရှိတာနဲ့ သန့်ရှင်းရေးလုပ်နေစဥ် အပြင်ကဆိုင်ကယ်သံကြားတာကြောင့် ထွက်လာကြည့်သည်။ လက်ထဲမှာ ခေါက်ဆွဲကြော်ထုတ်တစ်ထုတ်ကာ သူ့ကိုလှမ်းပေးလာတဲ့ သက်မင်းပိုင်ကြောင့် ငြိမ်းခရာ သူသိချင်တာကိုမေးဖို့အတွက် အိမ်အောက်ထိဆင်းပြီး သက်မင်းပိုင်ဆီကိုသွားလိုက်သည်။
" မင်း ဘယ်သွားနေတာလဲ ငါနိုးကတည်းကမတွေ့ဘူး "
" ကျွန်တော် အလုပ်သွားတာပါ ဒီမှာ အကို့အတွက် "
" အော် မင်းကော နေ့လည်စာကောစားပြီးပြီလား "
ငြိမ်းခရာရဲ့အမေးကိုသက်မင်းပိုင်ခေါင်းခါပြသည်။
" အဲ့တာဆိုလည်း ငါနဲ့အတူတူစားသွားလေ အချိန်ရတယ်မလား "
" ရပါတယ် အကိုတစ်ယောက်တည်းပဲစားလိုက်ပါ ကျွန်တော်ရှိနေရင် အကို မြိုမကျမှာစိုးလို့ ကျွန်တော့်ဘာသာအပြင်မှာစားလိုက်မယ် ကျွန်တော်အဆင်ပြေပါတယ် "
" သက်မင်းပိုင် မင်းဘယ်လိုဖြစ်နေတာလဲ ငါစိတ်မရှည်တက်ဘူးနော် ဘာလဲ မနေ့ညက ငါမင်းကို တစ်ခုခုပြောမိလို့လား ငါပြောတဲ့အထဲမှာ အမှားပါခဲ့ရင် ငါတောင်းပန်တယ်ကွာ ပြီးတော့ ငါ့ကို အရင်ကလိုပဲ ခေါ်စမ်းပါ အခုလိုခေါ်ပြောနေတာကြီးက ငါ့အတွက်အဆင်ပြေဘူး "
" ဟုတ် အကို ကျွန်တော်ခေါ်ပါ့မယ် "
" ကဲ သက်မင်းပိုင် ငါဒေါသထွက်လာပြီနော် ရော့ မင်းခေါက်ဆွဲတွေမင်းပြန်ယူသွား ငါမစားဘူး "
CZYTASZ
သူပြောသော ကြယ်ကြွေပုံပြင် ( သူပြောသော ကြယ်ကြွေပုံပြင် ) [ Completed ]
Humorunicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလေးနဲ့ပြောပြသွားခဲ့တယ် zawgyi လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်...