Unicode
အပိုင်း ( ၁၂ )" ဒီအိမ်မှာ ဘာစားစရာရှိလဲ မင်းစားဖို့အတွက် ငါတစ်ခုခုလုပ်ပေးမယ်လေ "
" ဘာမှရှိမှာမဟုတ်ဘူး အဖေက အမြဲခရီးထွက်နေရတာ ဒီကိုပြန်လာလည်းခဏပဲ အဲ့တော့ဘာမှသိပ်ဝယ်ထားတာမျိုးမရှိဘူး "
" ဒီနားလေးမှာကော ဈေးဆိုင်တွေဘာတွေရှိလား ငါမင်းစားဖို့ တစ်ခုခုသွားဝယ်ပေးမယ် "
" ရပါတယ် မသွားပါနဲ့ မောင့်အနားမှာပဲနေပေး "
" ဟာ မင်းဆေးသောက်ရမယ်လေ အဖျားကရက်ရှည်သွားရင် ဘယ်လိုလုပ်မလဲ "
" အင်းပါ အဲ့တာဆိုလည်း ဒီအိမ်ရဲ့နှစ်အိမ်ကျော်မှာစျေးဆိုင်ရှိတယ် မောင့်အပေါ်အင်္ကျီထဲကပိုက်ဆံယူသွားလိုက်နော် "
" အင်း အင်း "
ငြိမ်းခရာလည်း သက်မင်းပိုင်ပြောတဲ့အတိုင်းထိုစျေးဆိုင်ကနေ ခေါက်ဆွဲအခြောက်ထုပ်ချဥ်စပ်နှစ်ထုပ် အချိုတစ်ထုပ် ကြက်ဥငါးရာဖိုး အဖျားပျောက်ဆေးတစ်ကဒ်ကို ဝယ်ခဲ့သည်။ထို့နောက် သက်မင်းပိုင်စားဖို့ ခေါက်ဆွဲခြောက်အချိုနဲ့အစပ်ကို တစ်ထုပ်စီပြုတ်ပေးလိုက်သည်။ သူ့အတွက်တော့ ထွေထွေထူးထူးလုပ်မနေတော့ပေ။ သက်မင်းပိုင် မစားတဲ့ခေါက်ဆွဲပြုတ်က သူ့အတွက်ဖြစ်သည်။
" သက်မင်းပိုင် သက်မင်းပိုင် ဟေ့ယျောင် ထအုန်း ဒီမှာ ခေါက်ဆွဲပြုတ်လေးသောက်လိုက်အုန်း ပြီးရင်ဆေးသောက်ရအောင် "
" ဟင် အင်း...အင်းပါ အချစ်ရယ် ဒါနဲ့အချစ် ရေနွေးကဘယ်ကရတာလဲ "
" ငါ တည်လိုက်တာလေ အိမ်အပြင်က သစ်ကိုင်းခြောက်တွေနဲ့မီးမွှေးပြီး မီးဖိုထဲကအိုးနဲ့ပြုတ်လိုက်တာ မင်း အစပ်စားမလား အချိုစားမလား "
" ပင်ပန်းလိုက်တာအချစ်ရယ် မောင့်အတွက်ကပေါင်မုန့်နဲ့လည်း အဆင်ပြေပါတယ် "
" လျှာရှည်လိုက်တာ ဘာလဲ မင်းပိုက်ဆံကုန်သွားလို့လား ငါ ပြန်ပေးမယ် ရော့ စားစရာရှိတာစား ပြီးရင် ဆေးသောက်ရမယ် "
" ဟား မောင်က ပိုက်ဆံကုန်တာကို အရေးမလုပ်ပါဘူး ဒီတိုင်း အချစ်ပင်ပန်းမှာစိုးလို့ပါ "
ESTÁS LEYENDO
သူပြောသော ကြယ်ကြွေပုံပြင် ( သူပြောသော ကြယ်ကြွေပုံပြင် ) [ Completed ]
Humorunicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလေးနဲ့ပြောပြသွားခဲ့တယ် zawgyi လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်...