Unicode
အပိုင်း ( ၁၀ )ထမင်းပန်းကန်တစ်ချပ်နဲ့ ကြက်သားဟင်းပန်းကန်လေးကိုကိုင်ကာ အခန်းထဲဝင်လာတဲ့ သက်မင်းပိုင်ကို ငြိမ်းခရာမေးလိုက်သည်။
" အမ် ဘာ မောင် လဲ မင်း မင်း သက်မင်းပိုင် မင်း ငါ့ကို ဒီခေါ်လာတာလား "
" ဟုတ်တယ်လေ အချစ်ရဲ့ အချစ်ကို မောင်က ကားတင်ပြေးလာတာ "
" ဘာ သက်မင်းပိုင် မင်းရူးနေတာလား ငါက ခတ္တာမှ မဟုတ်တာ မင်း လူမှားနေပြီ "
" ဟက် မောင်က ငြိမ်းခတ္တာကို လိုချင်တာမှမဟုတ်တာ မောင်လိုချင်တာ မောင်ချစ်တာက ငြိမ်းခရာဆိုတဲ့ အချစ်ကလေးကို "
" မဖြစ်နိုင်ဘူး ငါက မိန်းကလေးမဟုတ်ဘူး ပြီးတော့ မင်းကလည်း ယောက်ျားလေးလုံးလုံးလျားလျားကြီး မင်း ရူးနေတာလား ငါ့ကို ပြန်ပို့ပေးပါကွာ အဖွား ငါ့ကို စိတ်ဆိုးလိမ့်မယ် ငါ ပြန်မလာတာသာ အဖွားသိရင် အဖွားစိတ်ပူနေလိမ့်မယ် ပြန်ပို့ပေးပါကွာ "
" မောင် ပြောပြီးပြီလေ ခိုးပြေးလာတာပါလို့ မောင်က ပြန်လိုက်ပို့ပေးရအောင် အရူးလား "
" ဟင့် ဖယ် မင်း မလိုက်ပို့လဲနေ ငါ့ဘာသာ ပြန်မယ် "
" ဟာ အချစ် နေပါအုန်း "
သက်မင်းပိုင်ကို တွန်းဖယ်ကာ အခန်းအပြင်ကို ငြိမ်းခရာပြေးထွက်သွားသည်။ သက်မင်းပိုင်လည်း ထမင်းပန်းကန်တွေကို ဘေးချပြီး ငြိမ်းခရာနောက်ကနေ လိုက်ခဲ့ရသည်။
" ဟင် မိုး မိုးချုပ်နေပြီ "
" အဲ့တာကြောင့် ပြောတာပေါ့ ခုချိန်ပြန်လို့လည်း အဆင်မပြေတော့ဘူးလေ မနက်မှ မောင်ပြန်လိုက်ပို့ပေးမယ်နော် "
" ဟင့် အဖွားကတော့ ငါ့ကို စိတ်ပူနေတော့မှာ
" လာပါ အချစ်ရယ် အိမ်ထဲဝင်ရအောင် "
" ငါ့ကို အချစ်လို့ မခေါ်နဲ့ မင်းငါ့ကို အိပ်ဆေးခတ်ပြီးခေါ်လာတာမလား ငါ့ကို ပြန်ပို့ပေးလို့ ပြန်ပို့ပေးပါကွာ သက်မင်းပိုင်ရာ နော် ငါ့ကို ပြန်ပို့ပေးပါ "
" မရဘူးလို့ ကျုပ် ပြောနေတယ်လေ ခင်ဗျားကို ကျုပ်ချစ်လို့ ခိုးပြေးလာတာ ပြီးတော့ ခင်ဗျားအဖွားဆီကိုလည်း ကျုပ်ဖုန်းဆက်ပြောပြီးပြီ ခင်ဗျားက ကျုပ်နဲ့ခိုးရာလိုက်ပြေးပြီလို့ "
YOU ARE READING
သူပြောသော ကြယ်ကြွေပုံပြင် ( သူပြောသော ကြယ်ကြွေပုံပြင် ) [ Completed ]
Humorunicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလေးနဲ့ပြောပြသွားခဲ့တယ် zawgyi လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်...