အပိုင်း ( ၂၀ ) / အပိုင္း ( ၂၀ )

802 38 0
                                    

Unicode
အပိုင်း ( ၂၀ )

" အချစ် "

သက်မင်းပိုင် အခန်းထဲကိုဝင်လာပြီး အိပ်ရာထဲမှာ ခွေခွေလေးအိပ်နေတဲ့ ငြိမ်းခရာအနားကို သွားပြီးတောင်ပန်စကားဆိုသည်။

" မောင် တောင်းပန်ပါတယ်နော် မောင့်ကြောင့်အချစ်အခုလို အပြောခံရတဲ့အတွက် မောင်တကယ်တောင်းပန်ပါတယ် မောင့်ကိုစိတ်မနာပါနဲ့နော် အချစ် အချစ် မောင့်ကိုစကားပြန်ပြောပါအုန်း ခုလိုကြီး ဘာမှမပြောပဲမနေပါနဲ့ အချစ်မအိပ်သေးတာမောင်သိပါတယ် အချစ် အချစ် "

သူပြောသမျှကို ဘာတစ်ခွန်းမှခွန်းတုံ့မပြန်တဲ့ငြိမ်းခရာကြောင့် သက်မင်းပိုင်လည်း ဘာမှဆက်မပြောတော့ပဲ ငြိမ်းခရာဘေးကိုဝင်အိပ်လိုက်သည်။ ထို့နောက် စိတ်ဆိုးပြီး သူ့ကိုအဖက်မလုပ်တဲ့ ငြိမ်းခရာကိုယ်လေးကို သူ့ဖက်ဆွဲယူလိုက်တဲ့အခါ အသက်မရှိတဲ့လူတစ်ယောက်လိုပျော့ခွေကာ သူဆွဲတဲ့အတိုင်းပါလာတဲ့ငြိမ်းခရာကြောင့် သက်မင်းပိုင်လန့်ဖြန့်ကာ ထထိုင်လိုက်သည်။ ထို့နောက် သူ့ပေါင်ပေါ် ငြိမ်းခရာကိုယ်လေးကို ပွေ့ချီတင်လိုက်ပြီး လှုပ်နှိုးသည်။

" အချစ် အချစ် သတိထားပါအုန်း ဘာဖြစ်နေတာလဲ အချစ် အချစ် မျက်လုံးဖွင့်ပါအုန်းကွာ အချစ် "

သက်မင်းပိုင် သူဘယ်လောက်ခေါ်ခေါ်နှိုးမလာတဲ့ငြိမ်းခရာကြောင့် ငြိမ်းခရာကိုယ်လေးကို ကျောပိုးကာ ဆေးခန်းသို့ ပြေးသွားသည်။ အခုချိန် သက်မင်းပိုင်စိတ်ထဲမှာ ငြိမ်းခရာအတွက်ပဲစိုးရိမ်ပူပန်နေတာကြောင့် ဖိနပ်မပါပဲ ဆေးခန်းထိခြေဗလာပြေးနေမိပြီး သူ့ခြေဖဝါးများ ကျောက်ခဲကျိတ်မိ၍သွေးထွက်နေသည်ကို သတိမရပဲ ငြိမ်းခရာတစ်ခုခုဖြစ်သွားမလားဆိုတဲ့အတွေးကပဲ သူ့ဦးနှောက်တစ်ခုလုံးကို ကြီးစိုးနေသည်။

" ဆရာ ဆရာ ကျွန်တော့်ကို ကူညီပေးပါအုန်းဟာ အကို့ကို ခေါ်လို့မရတော့ဘူး "

" ခဏလေးပါ အပြင်မှာလူနာတွေရှိသေးတယ် မင်း အလှည့်ရောက်အောင်အရင်စောင့်လိုက်ပါ "

" မလုပ်ပါနဲ့ဗျာ အကို့ကိုအရင်ကြည့်ပေးပါဗျာ ပိုက်ဆံကြိုက်သလောက်တောင်းပါ ကျွန်တော်ပေးပါ့မယ် ကျွန်တော် ရှစ်ခိုးဆိုလည်း လုပ်ပါ့မယ်ဗျာ "

သူပြောသော ​ကြယ်ကြွေပုံပြင် ( သူပြောသော ​ကြယ်ကြွေပုံပြင် ) [ Completed ]Donde viven las historias. Descúbrelo ahora