စာ/
ဆေးလုံးတွေကို ရေနဲ့ မျှောချအပြီး ရေခွက်ကို အောက်ခံပန်းကန်ပြားပေါ် ပြန်တင်လိုက်သည်။
"ဒေါက်တာ ဘယ်အချိန်လာမှာလဲ"
"နေ့လည်လောက်လာမယ် ပြောပါတယ်"
ထိုကလေးမကို အောက်ကို ပြန်လွှတ်ကာ စာကြည့်စားပွဲပေါ် ထိုင်လိုက်သည်။
အင်း စကားအရသာ သုံးလိုက်ရတာ သူမက အမြဲ ထိုင်နေရတာဘဲ မလား။လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က အထိ ဆူးလ်ဂီဟာ သိပ်ကို ပြည့်စုံတဲ့ ဘ၀ မျိုးမှာ ရှင်သန်ခဲ့တယ်လို့ ပြောလို့ရခဲ့တယ်။ပုံမှန် ၀င်ငွေ ရှိတဲ့ လုပ်ငန်းအသေးစားတစ်ခုကို သူငယ်ချင်းနဲ့ စပ်တူ လုပ်ကိုင်ရင်း အားလပ်ချိန်တွေမှာ ဝါသနာ ပါတဲ့အရာတွေကို လုပ်ရင်း
လူတွေကို ဂရုစိုက်ရင်း ချစ်ပေးရင်း လူတွေဆီက အချစ်တွေကိုပြန်လက်ခံရင်းနဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့တာ။ဒီအဖြစ်အပျက် အပြီးမှာတော့ ဆူးလ်ဂီဟာ ကိုယ့်ဘ၀ကိုယ် လိုတာထက် ပိုပြီး ပြောင်းပြန် လှန်ပစ်ခဲ့တယ်။ဒါဟာ ကိုယ့်ကိုကိုယ် အပြစ်ပေးခြင်းပါဘဲလေ။ ဆူးလ်ဂီဟာ ဘ၀ကို လူတွေရဲ့အဝေးမှာဘဲ တစ်ယောက်တည်း ရှင်သန်နေသင့်တာ။
အံဆွဲထဲက စာအိတ်တွေကို ထုတ်လိုက်မိပြန်သည်။
လက်ရှိ စာတစ်စောင် ဖတ်ထား ပြီမို့ မဖောက်ရသေးတဲ့စာအိတ်တွေထဲက ဒုတိယမြောက် စာကို ဖောက်လိုက်သည်။-
စာ-၂
မင်းနေကောင်းရဲ့လား။မင်းတို့ ဘက်မှာ ရာသီဥတု အေးနေပြီမလား။
နွေးနွေးထွေးထွေး၀တ်ပြီး စိတ်လေးကိုလည်း နွေးနွေထွေးထွေးထားပေး။ဒီဘက်မှာလည်း အေးနေပြီ ပင်လယ်ဘက်ဆိုတော့လည်း ရှိမပေါ့လေ။ဒါနဲ့ မှတ်မိလား။ငါတို့နှစ်ယောက်မှာ ပင်လယ်ဘေးမှာ နေချင်ခဲ့သူက မင်းဖြစ်ပြီး တောင်တန်းတွေဘက်မှာ အခြေချချင်ခဲ့တာ ငါဆိုတာ။
ငါတို့ တစ်ယောက်ကိုတစ်ယောက် လိုက်လျောရင်း လမ်းတွေ လွဲသွားကြတာဆိုရင် ၀မ်းနည်းစရာဘဲ။တကယ်တော့လည်း မင်းသာ ရှိမယ်ဆို မင်းသာ ကြည်ဖြူမယ်ဆို
ဘယ်နေရာမဆို ငါနေနိုင်မှာပါ။ဘာလို့ဆို ငါအခြေချချင်တဲ့ ရပ်၀န်းက မင်းဘေးဘဲလေ။
YOU ARE READING
စာ