စာ-၆ (သို့မဟုတ်) နောက်ဆုံးစာ

787 116 10
                                    

စာ/

ပုခုံးပေါ်ကို လက်တစ်ဖက်ရောက်လာသည်။
"ငါ့ကို သတိရပေးပါ ဆူးလ်ဂီရဲ့"
ခပ်ဝေးဝေးက အသံ
ဘယ်နှပေမှ မကွာတဲ့ အကွာအဝေးက လာနေတာတောင် ကြားခံနယ်တွေ မြောက်မြားစွာ ဖြတ်သန်းလာရသလို ထိုအသံဟာ ခပ်တိုးတိုး။
အာခေါင်ခြစ် တောင်းဆိုသံတွေဟာ ဆူးလ်ဂီထံ ကြားခံနယ် များစွာနဲ့ တိုက်ခိုက်ပြီးမှ ရောက်လာသလို အင်အားတွေ ဖျော့တော့နေသည်။

ခေါင်းကို တစ်ဖက်သို့ ကြိုးစားလှည့်ကြည့်သော်လည်းမရ။
နားထဲ အသံတွေဆူလာသည်။

"ငါ့ကို မမေ့သွားပါနဲ့ ဆူးလ်ဂီရဲ့"
"ဆူးလ်ဂီရဲ့"
"ငါ့ကို သေချာကြည့်ပါအုံး။ နင့်မှတ်ဉာဏ်ထဲ ငါဆိုတာ တကယ် မရှိတော့ဘူးလား"

ဆေးရုံခန်းတစ်ခန်းမှာ ဆူးလ်ဂီရောက်နေသည်
ဘေးမှာဗြော ရှိနေသည်။
ဆရာ၀န်အချို့လည်း ရှိနေကြသည်။

ခပ်လှမ်းလှမ်းမှာ အင်အားမဲ့စွာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိသည်။
သူ့မျက်နှာကို မမြင်ရတာတောင် သူ့ငိုသံတွေကို ခံစားမိနေတယ်။

"ငါပါ ဆူးလ်ဂီရဲ့ .....ပါ"

အသံဟာ ပြတ်တောင်းပြတ်တောင်း။

-

အားကစားကွင်းထဲမှာ ဆူးလ်ဂီတစ်ယောက်တည်း။
ဟင့်အင်း နှစ်ယောက်။

အားကစားကွင်းတစ်ပတ် ပတ်ပြေးနေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
ချွေးတွေစိုရွှဲနေတဲ့ မောဟိုက်နေတဲ့ကောင်မလေး။
ဆူးလ်ဂီဘဲ။ ထိုကောင်မလေးဟာ ဆူးလ်ဂီဘဲ။

ရှူးဖိနပ် အဖြူတစ်ရံကိုခပ်ဝေးဝေးမှာတွေ့ရတယ်။
အားကစားကွင်းထဲက ဆူးလ်ဂီကို လိုက်ကြည့်နေတဲ့နောက် ကောင်မလေးတစ်ယောက်။
မျက်နှာကိုမသဲကွဲ။
အနက်ရောင်ဆံနွယ်တွေထဲ လှလှပပ တပ်ဆင်ထားတဲ့ ကလစ်သေးသေးလေးကိုသာ သဲကွဲစွာမြင်ရသည်။

-

"နင့်....နင့်အတွက်"

စကားတွေ ထစ်နေသူဟာ ဆူးလ်ဂီဖြစ်သည်။
ဆူးလ်ဂီလက်ထဲမှာ ရေစတွေသီးနေတဲ့ဒိန်ချဉ်ပုလင်း။

ထို့နောက် ထိုပုလင်းဆီကို ဖြူသွယ်သွယ် လက်ချောင်းအချို့ လာထိကိုင်သည်။
ဒိန်ချဉ်ပုလင်းပေါ်က ရက်စွဲဟာ လှစ်ကနဲ။

စာWhere stories live. Discover now