စာ-၅

376 90 0
                                    

"ရတယ် ရတယ် မထိန်းနဲ့"

ဘေးနားက၀င်ကူဖို့ တကဲကဲလုပ်နေတဲ့ ဂျီနာ့ကို လက်ကာပြကာ တားလိုက်ရသည်။
လွန်ခဲ့တဲ့ငါးလကထက် လူတွေနဲ့ ပိုအဆင်ပြေလာပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာလည်း စိတ်အားထက်သန်လာတဲ့ သူမကြောင့် ဆရာ၀န်ဖြစ်သူဟာလည်း စိတ်ကျေနပ်နေဟန်ရှိသည်။

"အော် ဒါနဲ့ ဂျီနာ ဒီနေ့ စနေနေ့ဆိုတော့--"

"စာကို မနက်ကတည်းက အခန်းထဲမှာ ထားပေးထားပါတယ် unnie ရဲ့ "

ညာဘက်ခြေကို ကြိုးစားလှမ်းနေရင်းက စာဟာ အခန်းထဲ ရောက်နေပြီဖြစ်သဖြင့် စိတ်အေးရသည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက် ကျင့်ပြီးသွားတော့ ဝှီးချဲပေါ် ထိုင်ချလိုက်မှ ဘယ်လောက် မောနေပြီမှန်း သိတော့သည်။တကယ်က ဝှီးချဲတောင် လိုတဲ့ အခြေအနေမဟုတ်တော့ပေ။အထောက်အကူတစ်ခုခု ပါလျှင်ပင် ဆူးလ်ဂီ လမ်းလျှောက်နိုင်သည့်အနေအထားပေမယ့် လေ့ကျင့်ခန်းလုပ်လာရသည်မို့ ခြေထောက်တွေအားမရှိသဖြင့် သုံးနေရခြင်းဖြစ်သည်။

ဒီငါးလအတွင်းမှာ ဒီလောက်ထိ တိုးတက်လာတာဟာ
ဆူးလ်ဂီ အပြုံးတွေ ခပ်စိတ်စိတ် မြင်လာတာဟာ စနေနေ့တိုင်းရောက်လာတတ်တဲ့ စာ တွေကြောင့်ဆိုတာ ဆူးလ်ဂီ တင်မက ဂျီနာက ပါ သိနေဟန်ရှိသည်။

အိမ်ပြန်ရောက်တော့ ခြံ၀က စာတိုက်ပုံးလေးကို ငေးမိသည်။

"ချယ်ရီပန်းတွေ တောင် ပွင့်နေပြီ unnie"

ဝှီးချဲကို ခပ်သာသာတွန်းရင်း ဂျီနာဟာ စကားစလာသည်။

"ဟုတ်လား။"

"တစ်ရက်လောက် ချယ်ရီပန်းတွေသွားကြည့်ချင်လားဟင်"

ဟင် ဆိုပြီး ဆုံးတဲ့ လေသံအရ ဆူးလ်ဂီကို အမှီပြုပြီး သူသွား‌ချင်နေတာမှန်း သိသဖြင့် ပြုံးမိသည်။

"သွားကြတာပေါ့ တစ်ရက်ရက် ဟုတ်ပြီလား။အခုငါ့ကို အခန်းထဲပို့ပေးတော့"

"နေ့လည်စာ စားအုံးလေ unnie ရဲ့။ ကျွန်မပြင်လိုက်ပါမယ်"

"တော်ပြီ ဗိုက်မဆာသေးလို့ အခန်းထဲသာပို့ပေး"

စာWhere stories live. Discover now