စာ/
စာ-၃
နေလို့ အဆင်ပြေရဲ့လား။ ရာသီဥတုအေးလာရင် မင်းက ဖျားတတ်တော့ စိတ်ပူရတယ်။
အရင်လို ဆေးသောက်ရမယ်ဆို ပတ်ပြေးနေတတ်တဲ့ ကောင်မလေးဖြစ်နေတုန်းလား။မှတ်မိတယ်မလား။ ဆေးမသောက်ချင်တဲ့ မင်းက ငါတိုက်ရင်တော့ လိမ်လိမ်မာမာ သောက်တယ်ဆိုတာ။
ငါ့ကိုယ်ငါ ကျေနပ်မိတဲ့ အခိုက်အတန့်တွေပေါ့။
တွေ့ချင်မိတယ်။မင်းရှိရာ လာချင်ပေမယ့် အခြေအနေတွေက မပေးဘူးထင်ပါရဲ့။
ငါမလာတာဘဲ မင်းအတွက် အကောင်းဆုံးဖြစ်မှာပါ။
ဟုတ်တယ်မလား။ ဟုတ်တယ်မလား။-
ဒီရက်တွေအတွင်း ဆူးလ်ဂီ ဖျားသည်။
ဆူးလ်ဂီလည်းပင်ပန်းသလို ဂျီနာဆိုတဲ့ ကလေးမလေးလည်း ပင်ပန်းသည်။"ကျွန်မ ထူပေးမယ်နော် ဆေးသောက်ရအောင်"
ကျောအောက်ကို လက်ဖဝါးတစ်ဖက်၀င်လာကာ သူမကို ဆွဲထူသည်။ကုတင်ပေါ် ထိုင်လျက် အနေအထားရောက်တော့ ကျောနောက်ကို ခေါင်းအုံးနှစ်အုံးထည့်ကာနေရ အဆင်ပြေအောင်လုပ်ပေးသည်။
"Unnie ဒီမှာ ဆေး"
"ငါမသောက်ချင်-- ထားတော့ ပေးပေး"
ရုတ်တရက် ဟိုစာကိုတွေးမိသွားတော့မှ ဒီနေ့ စနေ ဆိုတာ သတိရမိသည်။
ဆေးကို သောက်အပြီး ဖန်ခွက်ကို ထိုကလေးမကိုပြန်ပေးရင်း
"ဒီနေ့ စာရောက် နေမယ် ထင်တယ်။ငါ့ကို သွားယူပေးပါအုံး"
ဟုတ်ကဲ့ဟုဆိုကာ ထိုကလေးမ ထွက်သွားသည်။
-
စာ-၄
မင်းနဲ့ကိုယ် စတွေ့တဲ့ အချိန်ကို မှတ်မိလား။ရုပ်ရှင်ဆန်ဆန်လေ။
ကျောင်းနောက်ကျလို့ အားကစားကွင်းတစ်ပတ် ပတ်ပြေးနေရတဲ့ မင်းကို အဲ့နေ့မှ ပထမဆုံးကျောင်းပြောင်းလာတဲ့ ငါက တစ်လျှောက်လုံး ကြည့်နေခဲ့မိတာ။ပြေးနေတဲ့မင်းက သိပ်ကြည့်ကောင်းတယ်ပြောရင် အရင်ကလို မင်းရှက်နေအုံးမလား။
မင်းနဲ့ပတ်သတ်ရင် သေးသေးလေးကအစ မှတ်မိနေခဲ့တာ ငါကလေ။
ပထမဆုံး မင်းငါ့အတွက် ၀ယ်လာပေးဘူးတဲ့ ဒိန်ချဉ်ပုလင်းရဲ့ ဒိတ်ကအစ မင်း၀ယ်လာပေးတဲ့ ပန်းရနံ့တွေအဆုံးလေ။
ဒီစာတွေကိုဘဲ ရေးနေခွင့်ရဖို့လမ်းကို ငါရွေးချယ်လိုက်တုန်းက နောင်တတွေ ရမှာ ငါစိုးရိမ်ခဲ့တာ။ငါလည်း လူပေမို့ လောဘရှိတယ်လေ။
အခုတော့ ငါမင်းကို ငေးကြည့်နေရရုံနဲ့ အဆင်ပြေနေပါတယ်။
မင်းကို ဒဏ်ရာတွေမှ ထပ်မပေးချင်တော့တာ။
ငါ့အတွက်သက်သက် မင်းထပ်နာကျင်ရမယ်ဆို ငါရှုံးတာဘဲမလား။
YOU ARE READING
စာ