စာ-၄

364 83 0
                                    

စာ/

ဆူးလ်ဂီ ကားမောင်းနေခဲ့တယ်။
အရှေ့ကိုမကြည့်ဘဲ ဘေးက လူနဲ့ အကြီးအကျယ်တွေ ရန်ဖြစ်နေခဲ့တယ်။
အသံတွေသဲသဲကွဲကွဲမကြားရပေမယ့် ဆူးလ်ဂီ စိတ်တိုနေခဲ့တာကိုတော့ခံစားမိတယ်။

တစ်ဖက်ကလူရဲ့ ငိုသံတွေကိုလည်း ကြားနေရတယ်။

အနက်ရောင် ဆံနွယ်တွေ ဝေ့ကနဲလွင့်သွားတာကိုမှတ်မိတယ်။
ကုန်တင်ကားဟာ ဆူးလ်ဂီတို့ ကားရှေ့ကို တစ်ရှိန်ထိုး၀င်လာတယ်။

နားထဲ အသံတွေဆူညံလာတယ် ဒါပေမယ့် မသဲကွဲ။

ကားကိုတစ်ဖက်သို့ ကွေ့လိုက်ပေမယ့် ကုန်တင်ကားဟာ ကားနောက်ပိုင်းကို အရှိန်ပြင်းပြင်းနဲ့ဖြတ်တိုက်သွားခဲ့တယ်။

မျောလွင့်နေတဲ့ အခြေအနေပေမယ့် သွေးတွေကို မြင်နေရတယ်။
မှန်ကွဲစတွေ...
ဆူးလ်ဂီပုခုံးပေါ် လက်တစ်ဖက် ရောက်လာခဲ့တယ်။

မျက်လုံးဟာ ဖျတ်ကနဲပွင့်လာတယ်။
ရင်ဘတ်ထဲက တစ်ဆို့မှုဟာပျောက်မသွား။

အသက်ကို ခပ်ပြင်းပြင်းရှူထုတ်မိသည်။

ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကို အခုထိ ခံစားလို့ရနေတုန်းဘဲ။

-

"ဗြော နင်ပြောတော့ ဒီအိမ်ကို ငါပြောင်းခါနီးမှ ၀ယ်ခဲ့တာဆို"

ရေသောက်လက်စဗြောဟာ ခဏရပ်ရင်း သူမကို စူးစမ်းကြည့်လာသည်။

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"ဒါဆို ဒီအိမ်က ဘာလို့ လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကတည်းက လူမနေရတာလဲ"

"ဟ အဲ့တာထူးဆန်းလို့လား ဆူးလ်ဂီ။ ဒီအိမ်ပိုင်ရှင်တွေက နိုင်ငံခြားကို ပြောင်းသွားကြတာလေ။အိမ်စောင့်တောင်မထားခဲ့လို့ ငါ၀ယ်‌တုန်းက အတော်ရှင်းယူရတယ်"

ဗြောဟာ လိမ်နေဟန်မတူပါ။ထို့ကြောင့်စိတ်ကိုလျှော့လိုက်မိသည်။

ဒါဆို စနေနေ့တိုင်းရောက်လာတတ်တဲ့စာတွေဟာ ဘယ်သူ့ကိုပို့တာများလဲ။
လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက လူမနေတဲ့အိမ်ကို ဆူးလ်ဂီပြောင်းလာခါနီးမှ စာတွေပို့နေတာ မထူးဆန်းနေဘူးလား။

စာWhere stories live. Discover now