[Unicode]
အပိုင်း(၆)
လွတ်လပ်သောနိုင်ငံတော်:
ဆောင်းရာသီရောက်လာပြီ ဖြစ်သည့်အတွက် ကောင်းကင်ပေါ်မှ နှင်းများဟာ ငန်းမွှေးများကျလာသကဲ့သို့ တစ်ရက်တာလုံးကျဆင်းလျက်ရှိလို့နေသည်။
ကျီဘုရင်၏ မြေအောက်အင်ပါယာဂိုဏ်း ဌာနချုပ်နားတွင်ရှိသော ခြံဝင်းထဲ၌ :
ကျီရှိုးရန်သည် အလွန်ထူထဲသော အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ရှည်လျားသော ဆံနွယ်များမှာလည်း နောက်ကျောတွင် ဝေ့ကာနေ၏။
ထိုယောက်ျားလေးမှာ ဒူးထောက်ထားကာ သူကိုယ်တိုက်စိုက်ပျိုးထားသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ဂရုတစိုက်ကြည့်လျက်ရှိ၏။
" ကိုကိုရှိုးရန်.. ကိုကို ရာထူးကထွက်ပြီး သာမန်ဘဝနဲ့ နေမလို့များစဉ်းစားနေတာလား "
နျဲ့ဝူယိုသည် သူ့ခန္ဓာကိုယ်တွင် ဆီးနှင်းများ၊ မိုးစက်ကလေးများဖြင့် အနည်းငယ်စိုစွတ်လျက်ရှိကာ ခြံဝင်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကျီရှိုးရန်အား မေးလိုက်၏။
ထိုယောက်ျားလေးမှာ အဘယ့်ကြောင့် ယခုလို သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်မှန်းကို သူမနားမလည်ချေ။
" ရာထူးကထွက်ပြီး သာမန်ဘဝနဲ့နေမယ်? " ကျီရှိုးရန် ငြင်သာစွာ ရေရွတ်လိုက်သည်။
" အင်း..ရာထူးက ထွက်ပြီး သာမန်ဘဝလေးနဲ့နေမယ် " နျဲ့ဝူယို ဟာသဆန်ဆန်ပြောလိုက်သည်။
" ဘာလဲ.. အဲ့တာ ဝူယိုလိုချင်တဲ့ ဘဝပုံစံလား" ကျီရှိုးရန်သည် နျဲ့ဝူယို ဘက်သို့လှည့်ကာ မေးလိုက်၏။
" လိုချင်တဲ့ ဘဝ.... " နျဲ့ဝူယို သူမမေးစေ့ကို ပွတ်ပြီး အချိန်ခဏတာ စဉ်းစားပြီးနောက် " လယ်ကွင်းအနည်းငယ်ရယ် ၊ ဟင်းသီးဟင်းရွက်တွေရယ်၊ တစ်နေ့ကို ထမင်းသုံးနပ်ရှိမယ်၊ မနက်မိုးလင်းကနေ ညနေ နေဝင်ချိန်အထိ အလုပ်လုပ်မယ်... ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းတဲ့ ဘဝလေးပေါ့ "
YOU ARE READING
Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]
Romance[Unicode] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ်ပါဘူး။ အဲ့ထဲက ကျီရှိုးရန်ရဲ့ Side Story 12 ပိုင်းထဲရှိတာကို ဘာသာပြန်ထားတာပါ။ Side story မို့လို့ ဝတ္ထုကိုမဖတ်ထားရင်တောင် နားလည်မှာပါ။ [Zawgyi] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ...