[Unicode]
အပိုင်း(၁)
[အတိတ်မှ မှတ်ဉာဏ်များ]
လွတ်လပ်သောနိုင်ငံ၏ မြောက်ပိုင်းဒေသမှာ လူသူကင်းမဲ့လုနီးပါးနေရာပင် ဖြစ်သည်။
နေရာတစ်ခုတွင် ရပ်နေသော အထိုလူငယ်မှာ နှင်းတမျှဖြူဖွေးနေသော အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထား၍ မှင်တမျှ နက်မှောင်နေသော ဆံနွယ်များမှာ ခါးလယ်ထိကို ဝဲကျလျှက်ရှိ၏။ ထိုလူငယ်မှာ ပန်းချီကားထဲတွင်သာရှိသော နတ်သားတစ်ပါးလားအနှယ် လွန်စွာပင် ချောမောပါပေသည်။
" သခင်လေး တောင်ဘက်စစ်မြေပြင်ကနေ သတင်းရလာပါတယ် "
ဆယ်ကျော်သက် လူငယ်တစ်ယောက်သည် ထိုလူငယ်ထံသို့ လျှောက်လာ၏။
" အင်း " ထိုလူငယ်၏ မျက်လုံးများမှာ အနည်းငယ်မျှ တုန်လှုပ်သွားခြင်းမရှိသော်ငြား နှုတ်ခမ်းပါးတွင် အမျိုးအမည်မဖော်ပြနိုင်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာလေသည်။
" ကျီမိသားစုက တောင်ဘက်စစ်မြေပြင်မှာ အောင်ပွဲနဲ့ အနိုင်ပိုင်းလာပါတယ် " ထိုဆယ်ကျော််သက်၏ မျက်နှာထက်တွင် အရှေ့မှ လူငယ်အား ပိုကြည့်လေ ပိုအံ့ဩခြင်းများဖြင့် ပြည့်နှက်လျက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် မျက်စိရှေ့တွင်ရှိနေသော ထိုလူငယ်မှာ ဤအသက်အရွယ်လေးဖြင့်ပင် ကြီးမားလှသော စစ်တပ်အားထိန်းချုပ်၍ နည်းဗျူဟာအပြည့်ဖြင့် ကျီမိသားစု၏ ပြိုင်ဘက်ဖြစ်သော အင်အားကြီး မိသားစုနှစ်စုလုံးကို လှည့်ပတ်ဆော့ကစားပြီး လှည့်စားနိုင်လိမ့်မည်ဟု သူလုံးလုံး မတွေးမိပေ။ ထိုလူငယ်နောက်ဆုံးလုပ်ချလိုက်သော အလုပ်မှာ လုံးဝကိုပင် ပြီးပြည့်စုံလျက်ရှိသည်။
ထိုလူငယ်လေးကြောင့်သာ မဟုတ်လျှင် ကျီမိသားစု၏ စစ်ပွဲမှာ နှစ်နှင့်ချီပြီး ကြာလျှင် ကြာသွားနိုင်၏။
ထိုလူငယ်မှာ လွတ်လပ်သောနိုင်ငံတော်ရှိ ကျီမိသားစု၏ အကြီးဆုံးသောသားဖြစ်သည်။ အမည်မှာ ကျီရှိုးရန်။
YOU ARE READING
Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]
Romance[Unicode] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ်ပါဘူး။ အဲ့ထဲက ကျီရှိုးရန်ရဲ့ Side Story 12 ပိုင်းထဲရှိတာကို ဘာသာပြန်ထားတာပါ။ Side story မို့လို့ ဝတ္ထုကိုမဖတ်ထားရင်တောင် နားလည်မှာပါ။ [Zawgyi] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ...