16 1 0
                                    

[Unicode]

အပိုင်း (၉)

ထိုလူမှာ သူ့အပေါ်ထပ်ဝတ်ရုံအား ပိုမိုတင်းကြပ်စေရန် ဆွဲချည်လိုက်ပြီး ကြောက်ရွံ့ထိတ်လန့်ခြင်း အလျင်းမရှိပဲ အခန်းထဲသို့ ဝင်သွားသည်။

ဘန်း!!

ကျီရှိုးရန် အထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တံခါးမှာ အပြင်ဘက်မှ ဆောင့်ပိတ်ခံလိုက်ရလေ၏။

" ကျီရှိုးရန်! ရှင်ဘာလို့ ဒီကို လာတာလဲ။ ရှင် ရူးနေလား " ကျီရှိုးရန်ကို မြင်သည်နှင့် ကောင်မလေး၏ အမြင်အာရုံများမှာ ဝေဝါးသွားရတော့သည်။ သူသေလိမ့်မယ်!

သို့သော်ငြား ထိုယောက်ျားမှာ သူမကို ပြန်မတုံ့ပြန်ပဲ အခန်းတွင်းရှိ လူများကို ‌ဝေ့ကြည့်လိုက်သည်။ " ကျွန်တော့်ကို ဒီကို ဖိတ်ဖို့ ခင်ဗျားတို့ အားလုံးက ဘာလို့ ဒီနည်းလမ်းကို အသုံးပြုလဲဆိုတာ မေးလို့ရမလား "

" အဲ့တာ အရေးမကြီးပါဘူးဗျာ။ ကျွန်တော်က ဒီတိုင်း ကျီဘုရင်ကို မတွေ့ရတာ ကြာတော့ အရမ်းကိုမှပဲ လွမ်းနေတာလေ။ အဲ့ဒါကြောင့် ဒီမှာ စကားလေးဘာလေး ပြောဖို့ ဖိတ်လိုက်ရုံပါပဲ " လီချွမ် ပြန်ဖြေသည်။

" ဟမ့် ! " ကျိုဂိုဏ်းချုပ် အော်လိုက်သည်။ " ကျီရှိုးရန်! အရင်က မင်းငါ့သားကို သတ်ခဲ့ပြီး ထုံမိသားစုကို အပြစ်လွှဲချတယ်။ ပြီးတော့ နှစ်မိသားစုလုံးကို ‌ဒုက္ခရောက်အောင် ဖျက်စီးခဲ့တယ်.. ဒီလိုနေ့မျိုး မင်းအတွက် ပြန်ရောက်လာလိမ့်မယ်လို့ မတွေးမိခဲ့ဘူးမလား !! "

ကျီရှိုးရန် နှုတ်ခမ်းများ ပွင့်လာကာ " ခင်ဗျားတို့က အရမ်းတုံးတာပဲ " ဟု လျစ်လျူရှုကာ ပြောလိုက်၏။

" ဟားဟား..  အခုငါတို့ရဲ့ အခြေအနေက ဘယ်ဘက်ကို ဦးတည်နေတာလဲဆိုတာ ပြောစမ်းပါဦး။ မင်းပါးစပ်က အဲ့လိုပြောထွက်ရဲသေးတယ်ပေါ့။ ကောင်းပြီလေ.. မင်းက ဒီမိန်းမအတွက်နဲ့ သေရဲတယ်ဆိုတော့.. ငါမင်းကို ယောကျာ်းတစ်ယောက် အနေနဲ့တော့ လေးစားတယ်။ ဒါပေမဲ့ အရင်ကမင်းငါ့သားကို သတ်ခဲ့တဲ့ အတွက် ငါဒီနေ့ မင်းကာကွယ်တဲ့ ဒီမိန်းမကို မင်းအရှေ့မှာပဲ ပြန်သတ်ပြမယ် " ကျိုဂိုဏ်းချုပ်သည်  လူလတ်ပိုင်းအရွယ် ယောက်ျားဘက်အား လှည့်ကာ အမိန့်ပေးလိုက်၏။ " အဲ့မိန်းမရဲ့ မျက်လုံးကို အရင်ဖောက်ထုတ်ပစ်! ဒါကျီဘုရင်ကို စစတွေ့တဲ့ အနေနဲ့ ငါ့ရဲ့ လက်ဆောင်ပဲ "

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now