[Unicode]
အပိုင်း (၄)
နျဲ့ဝူယိုမှာ အဆိုပါကောင်လေး၏ မှော်ဆန်လှသော မျက်ဝန်းများအား ကောင်ကင်ရှိ ကြယ်စုတန်းကြီး အလား မြင်လျှက် ကြည့်လို့နေမိသည်။ အချို့သော အကြောင်းအရာများကြောင့် သူမနှလုံးသားလေးမှာ မြန်ဆန်စွာ ခုန်လာပြီး သူမပါးလေးတွေမှာလည်း နီရဲလာတော့သည်။
ဘာဖြစ်လို့ ဒီယောက်ျားလေးက အရမ်းကြည့်ကောင်းနေတာလဲ.. သူကလုံးဝ ပြုစားထားသလိုပဲ..
" ဘာနဲ့ဆော့တာလဲ " နျဲ့ဝူယို အဝေးသို့ အကြည့်လွှဲကာ ပြောလိုက်သည်။
ကျီရှိုးရန် ထိုကောင်မလေး၏ အမူအရာအားမြင်သော် ရယ်လိုက်ပြီး သူမ၏ ခေါင်းကို ငယ်စဉ်ကထဲက လုပ်နေကြအတိုင်း အသာအယာပုတ်လိုက်ပြီး " ကိုကိုက ဝူယိုလိုချင်တဲ့ အရာမှန်သမျှ အကုန်လုပ်ပေးနိုင်တယ် "
" ဒါဆို ဗိုက်ဆာနေပြီ။ ဟင်းချက်ကျွေး " နျဲ့ဝူယို ဆိုလာ၏။
"ကိုကို ဘယ်လိုချက်ရမလဲ မသိဘူး " ကျီရှိုးရန် ခေါင်းခါရင်း ဖြေလာသည်။
နျဲ့ဝူယို : " ... "
" ဒါပေမဲ့ ကိုကို သင်မယ်လေ " ကျီရှိုးရန် သူမအား ပြုံးပြလိုက်၏။ " ကိုကို့နောက်လိုက်ခဲ့ "
" ဘယ်ကိုသွားနေတာလဲဟင် " နျဲ့ဝူယို သိချင်စိတ်ဖြင့် မေးလေသည်။
" မီးဖိုချောင်ကို " ကျီရှိုးရန် ဖြေပြီးသည့်နောက် လမ်းလျှောက်သွားလေ၏။
...
ကျီအိမ်တော်ရှိ မီးဖိုခန်းထဲတွင် :
" သခင်လေး! ""
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်လျက်ရှိသော အစေခံများမှာ ကျီရှိုးရန်ကို မြင်သည်နှင့် အံ့ဩသွားလေတော့သည်။ သခင်လေးက ဘာလို့ ဒီလိုနေရာကို ရောက်လာတာလဲ။
" နျဲ့သခင်မလေး "
အကုန်လုံးမှာ နျဲ့ဝူယိုအား နှုတ်ဆက်ကြလေသည်။

YOU ARE READING
Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]
Romance[Unicode] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ်ပါဘူး။ အဲ့ထဲက ကျီရှိုးရန်ရဲ့ Side Story 12 ပိုင်းထဲရှိတာကို ဘာသာပြန်ထားတာပါ။ Side story မို့လို့ ဝတ္ထုကိုမဖတ်ထားရင်တောင် နားလည်မှာပါ။ [Zawgyi] ဒီစာအုပ်က the whole story ကိုဘာသာပြန်ပေးတာ မဟုတ...