၁၀

19 1 0
                                    

[Unicode]

အပိုင်း (၁၀)

ကောင်မလေး၏ မျက်ဝန်းထဲ၌ မျက်ရည်များဝေ့နေကာ ထိုအမျိုးသားအား ကြည့်လျက် " ကိုကို့ကို မသေစေချင်ဘူး... "

" ဝူယို.. ကိုကိုမင်းကို သေခွင့်မပြုဘူး " ထိုယောက်ျားမှာ ဝူယိုအား နှစ်သိမ့်အပြုံးတစ်ခု ပြုံးလျက်ဆိုသည်။

နျဲ့ဝူယို ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ကျီရှိုးရန် မေးလေ၏ " ‌ကိုကို့ကိုပြော ဘယ်သူက ဝူယိုကို ဒဏ်ရာရအောင် လုပ်တာလဲ "

" အဲ့ဒါ အရေး မကြီးပါဘူး " ထိုကောင်မလေးမှာ ခေါင်းခါရင်း ပြုံးပြလိုက်သည်။

" ကိုကို့အတွက် အရေးကြီးတယ် " ကျီရှိုးရန် အမူအရာမဲ့စွာ ပြန်ပြောလေသည်။

ထိုကောင်မလေး၏ အကြည့်များမှာ အစောက သူမအား ဓားဖြင့် မျက်လုံးဖောက်ရန် ပြေးလာခဲ့သော လူလတ်ပိုင်းအရွယ် ယောက်ျားထံသို့ ရောက်သွား၏။

" ဟုတ်လား... "

ကျီရှိုးရန်၏ အကြည့်များက ထို လူလတ်ပိုင်းအရွယ် ယောက်ျားအား ကြည့်လျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

" ဟားဟားဟား.. ကျီရှိုးရန်.. မင်း ဒီအခြေအနေနဲ့ အချိန်အခါကို မြင်တာတောင် နားမလည်သေးဘူးလား " ထိုလူလတ်ပိုင်းအရွယ် ယောက်ျား၏ မျက်နှာ၌ အကြောက်တရားတို့ ကင်းမဲ့လျက်ရှိကာ ကျီရှိုးရန်အား လှောင်ပြောင်သရော်လိုက်၏။

ကျီရှိုးရန်မှာ သူရပ်နေသော နေရာမှ ပျောက်သွားကာ ထိုလူလတ်ပိုင်းအရွယ် ယောက်ျား၏ နောက်၌ ပြန်ပေါ်လာ၏။

ဇွက်!

မည်သည့် စကားတစ်ခွန်းမျှ မဆိုပဲ ကျီရှိုးရန် သူ၏ ညာဘက်လက်မောင်းအား လှုပ်ရှားလိုက်လေ၏။ တစ်စက္ကန့်အကြာ၌ လေထဲသို့ သွေးများ ဖြန်းခနဲ လွင့်စင်သွားတော့သည်။

လူလတ်ပိုင်းအရွယ် ယောက်ျား၏ မျက်နှာထက်၌ရှိသော လှောင်ပြောင်သရော်ပြုံးတို့မှာ တမဟုတ်ချင်း အကြောက်တရားတို့ ဖုံးလွှမ်းသွားရတော့၏။

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now