Part (1)

2.8K 134 4
                                    

Unicode

သာယာလှပသော နံနက်ခင်းတခု၌ဝယ် ကျေးငှက်သာရတွေဟာ
တကျီကျီ မြည်ကာတူးနေလေသည့်အပြင် ရွာဦးဘုန်းကြီးကျောင်းက ဖွင့်ထားလေသည့် တရားသံ ရဲ့ရဲ့လေးဟာလည်းကျက်သရေရှိလှသော နံနက်ခင်းတစ်ခုကို ပုံဖော်နေသယောင်ပင် ။

နံနက်ခြောက်နာရီအချိန်ခါမှာတော့ စိန်ပန်းတောရွာမှာ မနက်ခင်းအချိန်ခါ လယ်ဆင်းတဲ့သူက ဆင်းလို့နေပြီး ဝမ်းရေးအတွက်ရှာဖွေစားသောက်နေသူတွေဟာလည်း ရှာဖွေစားသောက်လို့နေလေသည် ။ ထိုစဥ်မှာပင် ကောင်ငယ်လေး တစ်ယောက်ကတော့ မိမိအိမ်မှာဟိုဘက်ဒီဘက်လျှောက်ကာ အလုပ်ရှုပ်နေရင်း အနောက်ပါးမှ

'' ခက်ရောင်ခြည် ''

မိမိ၏နာမည်ကိုခေါ်သံကြားသည့်ချိန်မှာတော့ လုပ်နေစအလုပ်ကိုရပ်လိုက်လေပြီး အနောက်ကိုလှည့်ကြည့်လိုက်ကာ

'' ဗျာ အမေ​ ''

မျက်နှာပေါ်တွင် အပြုံးလေးတခုပန်ဆင်၍ ထူးလိုက်သည်မှာ မြင်သူအပေါင်းကို စိတ်ချမ်းသာစေမည်မှာအမှန်ပင် ။ ဒီကောင်လေး၏ ပုံစံကိုက ရောင်ခြည် ၊ ရောင်တန်းတွေ အလား မျက်နှာလေးဟာ   အချိန်တိုင်းလိုလို လင်းဝင်းနေတတ်တယ် ။ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ပြည့်သည်ဟုပင်ဆိုရမလားပဲ   ခက်ရောင်ခြည်ကတစ်ရွာလုံးရဲ့ အချစ်ခံလေး ။ မျက်နှာလေးက ချစ်စရာကောင်းသည့်အပြင် ကူညီတတ်တဲ့ စိတ်လေးလည်း ရှိလေတော့ သွားလေရာ ပွဲလယ်တင့်ပြီး ရွာသူရွာသားတို့က သူကြီးသားဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းလေးစားကြလေတယ် ။ တစ်ခါပြုံးလိုက်တ်ိုင်း ပေါ်လာတတ်တဲ့ သွားတတ်လေးနှင့် အဝါရောင်သန်းနေတဲ့ အသားအရောင်လေးဟာ လုံမပျိုတွေကို ဆွဲဆောင်နေသည်ဟုပင်ဆိုရလောက်လေသည် ။

ဆိုရိုးစကားတွေအတိုင်း ချစ်သူတွေများလာရင် မနာလိုဝန်တိုပြီး ဒုက္ခပေးတတ်တဲ့သူလည်း ရှိကြစမြဲပဲ ။ အမြဲ နူးနူးညံ့ညံ့သာနေတတ်တဲ့ ကောင်လေး​ဖြစ်လေသောကြောင့် အကောင်းမမြင်ပဲ ရှုံ့ချတဲ့သူတွေကတော့ ဒီကောင်လေးအကြောင်း မဟုတ်ရာတွေ သပုပ်လေလွင့်ကြလေသေးသည်

အခုလည်း အလုပ်လုပ်နေစဥ် အနောက်ပါးကနေ ခေါ်သံကြားလေသည့်အတွက် လှည့်ကြည့်လိုက်လေရာ မိခင်ဖြစ်သူ​က အနားသို့လာလေပြီး

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now