***တားဆီးလို့မရတဲ့အချစ်***
Win Opv
ကျွန်တော်နိုးလာသာနဲ့ ကျွန်တော်သတိရလာတယ် ဒီနေ့ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က တကယ့်ဝေူရတော့မယ့်နေ့ပဲဖြစ်ပါတယ် ခုချိန်ထိကျွန်တော်မယုံချင်သေးဘူး ကျွန်တော့်ချစ်သူ လေယျာဉ်အမှီရောက်အောင်သူ့ကိုလိုက်ပို့ပေးဖို့ ရေချိုးပြီးအဝတ်လဲလိုက်တယ် ပြီးတော့အမြန်ဆုံးသွားတယ် ရောက်ဖို့ နာရီဝတ်အချိန်ယူရတယ် ကျွန်တော့်မှာတက္ကစီစီးဖို့တောင်ပိုက်ဆံမလောက်ဘူးဗျ ကျွန်တော်ကသနားစရာကောင်းတဲ့လူလား ကျွန်တော့်ကိုမသနားပါနဲ့ ကျွန်တော်ဒီလိုဘဝမျိုးနေထိုင်ရသာ ကျွန်တော်ပျော်ပါတယ် ကျွန်တော်အမြန်ပြေးသွားတယ် အသက်ရှူတောင်မဝတော့ဘူး ကျွန်တော်ဂရုမစိုက်ဘူး နောက်ဆုံးရက်အနေနဲ့ကျွန်တော့်ချစ်သူမျက်နှာကိုတွေ့မှရမယ် ကျွန်တော်ပြေးလာခဲ့တာ နောက်ဆုံးတော့ ပန်းတိုင်ရောက်ပြီ ကျွန်တော်ချွေးတွေပျံလို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် သစ်ရှူးနဲ့သုတ်ပစ်ပြီး အသက်ကိုဝဝရှူပြီး ကျွန်တော့်ချစ်သူအနားသွားလိုက်တယ် သူ့မျက်နှာကမကောင်းဘူး သူမသွားချင်မှန်းသိသာတယ်
"Bright ဘာလို့အဲ့လိုမျက်နှာထားသလဲ" ကျွန်တော်မေးတော့ပိုတောင်ဆိုးလာတယ် သူငိုပြီး ကျွန်တော့်ကိုတင်းကြပ်စွာပွေ့ဖက်ထားလိုက်တယ် ကျွန်တော်လည်းသူ့ကိုပြန်ဖက်ထားပြီး ခွာလိုက်ပြီး ကျွန်တော့်လက်မနဲ့ပါးပြင်ပေါ်မှာရှိတဲ့မျက်ရည်ပေါက်စကိုသုတ်ပေးပြီးသူ့ခေါင်းလေးကိုအသာပွတ်သပ်လိုက်တယ်
"ငါမသွားချင်ဘူး ငါမင်းနဲ့အတူနေချင်တယ်"
"ငါလည်းမင်းကိုမသွားစေချင်ဘူး ဒါပေမယ့်မင်းအလုပ်အတွက်ပဲသွားသာလေ နောက်၅လကြရင်ပြန်ဆုံရတော့မယ် အားတင်းထားပါနော် မငိုနဲ့နော်"ကျွန်တော်ပြောသာနားလည်ထင်ပါရဲ့ သူ့ခေါင်းကိုအသာညိတ်ပြီး ကျွန်တော့်ပါးကိုနမ်းလိုက်တယ်
"ငါ့ကိုစောင့်နေနော်"
"အင်စောင့်နေမယ်"ကျွန်တော်ပြောပြီး သူ့ရဲ့နှုတ်ခမ်းကိုနမ်းလိုက်တယ် ပြီးတော့ပြန်ခွာလိုက်တယ်
DU LIEST GERADE
တားဆီးမရတဲ့အချစ် (စဆုံး) unicode + zawgyi
Fanfictionwin bright နှစ်ယောက်လုံးကအရမ်းချစ်ကြသော်လည်း Bright ရဲ့မိဘက winကိုလုံးဝသဘောမကျ ဘာလို့လဲဆိုတော့ Bright တို့မိသားစုသူဌေး နာမည်ရှိသလောက် winတို့မိသားစုကတော့သူနဲ့တစ်ခြားဆီ winတို့အရမ်းဆင်းရဲသလောက်အရမ်းနွေးထွေးတဲ့မိသားစု Brightတို့ကအရမ်းချမ်းသာတဲ့မိသားစု...