***တားဆီးမရတဲ့အချစ်***
စာရေးသူpov
Bright အဖေနဲ့အမေကလည်း သူတို့သားက winနဲ့သွားတွေ့တယ်လို့ ပြောတဲ့နေ့ကတည်းက သူတို့သားအိမ်ပြန်လာသာမျက်နှာမကောင်းနဲ့ပြန်လာခဲ့သာကို ဘာဖြစ်သလဲမေးတော့ သားဖြစ်သူက'ဘာမှမဖြစ်ဘူး'လို့ပြောပါတယ် သားမပျော်သာမြင်ရတော့မိဘဖြစ်သူကစိတ်မကောင်းဖြစ်ရသာ နှစ်ယောက်လုံးကလည်းသူတို့သားခန်းမှာသွားပြီး တံခါးခေါက်လိုက်တယ် Bright လည်းသူ့မျက်ရည်ကို သူ့မိဘမမြင်ချင်တဲ့အတွက်ကြောင့်အမြန်သုတ်ပစ်ပေမယ့်လည်း မျက်လုံးကနီနေသေးတယ် Bright လည်းသူ့အဖေ အမေအတွက်တံခါးဖွင့်ပေးလိုက်တယ် သူ့အဖေနဲ့အမေလည်းသားဖြစ်သူကိုပြုံးပြီးအထဲဝင်သွားတယ် ပြီးတော့ကုတင်ပေါ်မှာ သုံးယောက်လုံးထိုင်ကြတယ်
"သားဘာဖြစ်သလဲဟင် အမေတို့ကိုပြောပြနိုင်တယ်နော်"
"သား...."
"ဘာမဆိုပြောနိုင်တယ်"
"Winက သားနဲ့လမ်းခွဲချင်တယ်ဗျ သူကသားကိုမချစ်တော့ဘူးတဲ့ သားဘာအမှားလုပ်မိလဲမေးတော့ သူကသားကိုငြီးငွေ့ပြီးမချစ်တော့ဘူး သားမခံစားနိုင်တော့ဘူး"
Bright ငိုပြီးငိုနေတယ် အဖေဖြစ်သူလည်း သူ့ကြောင့်မို့လို့စိတ်မကောင်းဖြစ်ရတယ်
"သားလေး အဖေ့ကိုနားထောင် winကသားကိုချစ်သေးတယ် အဖေစကားကြောင့်သူအဲ့လိုပြောသွားသာ အစကတော့သူကသားကိုမဂရုစိုက်နိုင်ဘူးလို့ထင်ခဲ့သာ ဒါပေမယ့်လုံးဝမှားသွားပြီ သားသူနဲ့သွားနေကတည်းက အဖေရဲ့သားက သမန်ဘဝဘယ်လိုနေကြလည်းသားသိလာတယ် သားဗဟုသုတရလာတယ် အမှား အမှန်သားကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီ အဖေတောင်းပန်ပါတယ် ဘယ်လိုဖြစ်ဖြစ်သားရွေးချယ်သာကိုအဖေသဘောတူတယ် အဖေကဆင်းရဲသားကိုထပ်ပြီးမနိမ်တော့ဘူး winနဲ့သားရဲ့အချစ်က တကယ့်အချစ်စစ်ဆိုလည်းအဖေယုံကြည်ပါတယ် သားသူနဲ့နားလည်အောင်ရှင်းပြပါ ဖေတို့လိုဒေါသမသုံးပဲစကားပြောကြပါနော်နားလည်လား"
"ဟုတ်"
Brightအဖေနဲ့အမေကလည်း။ Brightရဲ့နဖူးကိုနမ်းပြီးသားဖြစ်သူကိုအိပ်ခိုင်းလိုက်ပြီး စောင်ခြုံပေးလိုက်တယ် နှစ်ယောက်လုံးလည်းထွက်သွားပြီး မီးပိတ်ထားလိုက်တယ်
BẠN ĐANG ĐỌC
တားဆီးမရတဲ့အချစ် (စဆုံး) unicode + zawgyi
Fanfictionwin bright နှစ်ယောက်လုံးကအရမ်းချစ်ကြသော်လည်း Bright ရဲ့မိဘက winကိုလုံးဝသဘောမကျ ဘာလို့လဲဆိုတော့ Bright တို့မိသားစုသူဌေး နာမည်ရှိသလောက် winတို့မိသားစုကတော့သူနဲ့တစ်ခြားဆီ winတို့အရမ်းဆင်းရဲသလောက်အရမ်းနွေးထွေးတဲ့မိသားစု Brightတို့ကအရမ်းချမ်းသာတဲ့မိသားစု...