***တားဆီးမရတဲ့အချစ်***
စာရေးသူOPV
Winကလည်း Brightအကြောင်းမတွေးမိအောင်မစဉ်းမိအောင် အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ပေမယ့်လည်း သူ Brightကိုချစ်သေးတယ် ဘယ်လိုမှမမေ့နိုင်ခဲ့ပါဘူး သူနဲ့ Bright ဝေးကွာသွားသာလည်း ၄လရှိပါပြီ Bright ပြန်လာဖို့လည်းသူမျှော်လင့်သေးပါတယ် သူမချစ်ရပေမယ့်လည်း Brightမျက်နှာမြင်ရရင်သူ့အတွက်လုံလောက်ပါပြီ Bright အပြုံးလေးကိုသူပြန်မြင်မိချင်တယ် နေ့ရက်တိုင်းအဲ့အပြုံးလေးကိုသူလွမ်းဆွတ်နေဆဲ့ပါပဲ ဒီနေ့လည်းပဲ သူ့အမေကကုမ္မဏီတစ်ခုမှာ သန့်ရှင်းရေးလုပ်ဖို့သွားလို့မရ သူ့အမေကနေမကောင်းလို့ winကိုယ်တိုင်သွားရတယ် သူမသွားချင်ပေမယ့်လည်းပေါ့ winလည်းသူ့အဝတ်စားလှဲပြီး ကုမ္မဏီနားရောက်အောင်အမြန်ပြေးသွားလိုက်တယ် ရောက်သာနဲ့သူဝင်သွားပြီး အလုပ်သမားရဲ့အဝတ်ကိုဝတ်ပြီး သန့်ရှင်းရေးအကုန်လုပ်ပေးတယ် ရုတ်တရက်သူသန့်ရှင်းရေးလုပ်နေရင်းနဲ့ လူတစ်ယောက်ကအဲ့ရေကိုလာကန်မိလိုက်တယ်
"ဒါကဘာကြီးလဲ"
"တောင်းပန်ပါတယ်ဗျ" winတောင်းပန်ရင်းခေါင်းမော့ကြည့်လိုက်တော့ ကောင်မလေးချောတစ်ယောက်နဲ့ သူအရမ်းဆွတ်နေတဲ့လူသားဖြစ်နေတယ် Bright ကသူ့ကိုခုအကြည့်ကအရင်ကလိုအကြည့်မဟုတ်တော့ဘူး သူ့မျက်နှာကိုအဲ့လိုမြင်ရတော့ သူ့ကိုနာကျင်စေပါတယ်
"နင်ကအလုပ်သမားအသစ်လား"
"တကယ်တောင်းပန်ပါတယ်ဗျ"
"နောက်ဆိုသေချာဂရုစိုက်၊ Bright သွားရအောင်"
နှစ်ယောက်လုံးလည်းသွားလိုက်တယ် winစိတ်ထဲမှာတော့ Brightပြောတော့ ၅လသွားမယ်ဆို သူတွေးနေရင်းစိတ်ရှုပ်လာတယ် သူ့အတွက်တော့ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုပြန်တွေ့ရတော့အရမ်းဝမ်းသာပါတယ် ဒါမယ့် အဲ့ကောင်မလေးက သူ့ရဲ့ချစ်သူလား winလည်းတွေးရုံနဲ့နာကျင်မိပါတယ် သူလည်းဘာမှတွေးမနေတော့ပဲ သူ့အလုပ်ကိုပဲဆက်လုပ်တော့တယ်
ВЫ ЧИТАЕТЕ
တားဆီးမရတဲ့အချစ် (စဆုံး) unicode + zawgyi
Фанфикшнwin bright နှစ်ယောက်လုံးကအရမ်းချစ်ကြသော်လည်း Bright ရဲ့မိဘက winကိုလုံးဝသဘောမကျ ဘာလို့လဲဆိုတော့ Bright တို့မိသားစုသူဌေး နာမည်ရှိသလောက် winတို့မိသားစုကတော့သူနဲ့တစ်ခြားဆီ winတို့အရမ်းဆင်းရဲသလောက်အရမ်းနွေးထွေးတဲ့မိသားစု Brightတို့ကအရမ်းချမ်းသာတဲ့မိသားစု...
