***တားဆီးမရတဲ့အချစ်***
Bright pov
ကျွန်တော်အိပ်ချင်မူးတူးနဲ့ ဖုန်းလာသာကိုကောက်ကိုင်လိုက်တယ် မျက်လုံးတော့မဖွင့်
"ဟယ်လို"
"မင်းအခုဘယ်မှာလဲ"
အသံကြားတော့ ကျွန်တော်မျက်လုံးဖွင့်ကြည့်တော့အဖေဆက်လာသာ ကျွန်တော်အရမ်းလန့်သွားတယ် ကျွန်တော့ကိုဖက်ပြီးအိပ်နေတဲ့winကိုကြည့်တော့ သူအိပ်နေသေးတယ် ကျွန်တော်လည်းသူ့လက်ကိုဖယ်ပြီး အပြင်ထွက်ပြီး အဖေနဲ့စကားပြောနေသေးတယ်
"Bright မင်းရှိသေးလား"
"ဟုတ်အဖေ"
"မင်းခုချက်ချင်းအိမ်ပြန်လာခဲ့ ခုငါကအိမ်မှာရောက်နေပြီ"
"အဖေပြန်လာပြီလား"
"အေခုချက်ချင်းလာခဲ့ မင်းမလာရင် မင်းနဲ့ငါတကယ့်သားအဖေမဟုတ်တော့ဘူးပဲမှတ်လိုက်မယ်"
"ကျွန်တော်လာခဲ့ပမယ် ကျွန်တော်လည်းအဖေနဲ့ပြောစရာရှိတယ်"
ပြောပြီးဖုန်းချလိုက်တယ် ကျွန်တော်လည်းအခန်းထဲပြန်ဝင်ပြီး winမနိုးသေးသာမြင်ရတယ် သူအိပ်သာတောင်ချစ်ဖို့ကောင်းနေသေးတယ် ကျွန်တော်လည်းသူ့ပါးကိုနမ်းပြီး ရေသွားချိုးလိုက်တယ် ကျွန်တော်ရေချိုးပြီး အဝတ်ပြန်ဝတ်တယ် ဒါမယ့်သူကမနိုးသေးဘူး ကျွန်တော်လည်းသူ့ကိုသွားနိုးလိုက်တယ်
"Win နိုးတော့နောက်ကျနေပြီ"
"နောက်ငါးမိနစ်ဆက်အိပ်ပါရစေ"
ကျွန်တော်သက်ပြင်းချပြီး
"အဲ့ဆိုငါအိမ်လိုက်တော့မယ် နောက်မှတွေ့ကြမယ်"ကျွန်တော်ထဖို့လုပ်နေ သူကကျွန်တော့လက်ကိုဆွဲထားပြီးတင်းကြပ်စွာဖက်ထားတယ် သူ့မျက်လုံးကမဖွင့်သေး
"Win ဘာလုပ်သလဲငါအိမ်ပြန်ရတော့မယ်"
"ဟင့်အင် မပြန်လို့မရဘူးလား ငါနဲ့အတူနေ"
"ကလေးမလုပ်ပါနဲ့ ငါကအဖေနဲ့ပြောစရာရှိတယ် အဖေနားအောင်ငါပြောပြမယ် အဲ့ချိန်ကြရင်ငါတို့အတူနေရပြီ"
ကျွန်တော်လည်းသူ့လက်ကိုဖယ်ပြီး သူ့နဖူးကိုနမ်းပြီး အိမ်ပြန်သွားလိုက်တယ် အိမ်ရောက်တော့ အဖေ အမေ မျက်နှာပေါ်က မကျေနပ်မှု ဒေါသတွေပေါ်နေတယ် ကျွန်တော်လည်း ဆိုဖာပေါ်ဝင်ထိုင်လိုက်တယ်
YOU ARE READING
တားဆီးမရတဲ့အချစ် (စဆုံး) unicode + zawgyi
Fanfictionwin bright နှစ်ယောက်လုံးကအရမ်းချစ်ကြသော်လည်း Bright ရဲ့မိဘက winကိုလုံးဝသဘောမကျ ဘာလို့လဲဆိုတော့ Bright တို့မိသားစုသူဌေး နာမည်ရှိသလောက် winတို့မိသားစုကတော့သူနဲ့တစ်ခြားဆီ winတို့အရမ်းဆင်းရဲသလောက်အရမ်းနွေးထွေးတဲ့မိသားစု Brightတို့ကအရမ်းချမ်းသာတဲ့မိသားစု...