အမှတ်မထင်တွေ့ဆုံခြင်းလို့ပဲသတ်မှတ်ပါ
အဟက်! မြန်သားပဲ မင်းကလွယ်လွယ်နဲ့ငါ့ဆီ
ရောက်လာတာပဲ.......ဖုန်း screen ပေါ်က follow backလေးကို
ကြည့်ရင်း ကျေနပ်စွာပြုံးနေမိတော့တယ်Ti..Ti..Ti
မြည်လာသောဖုန်းalarmလေးကိုပိတ်ပြီး
ဆိုင်သွားဖို့အတွက်ပြင်ဆင်တော့သည်။
ဆောင်းဦးရောက်ပြီမလို့ အအေးဓာတ်လေးက
ရှိနေတာမို့ ပါးပါးမနှစ်က ပြင်ဦးလွင်ကဝယ်လာတဲ့ အဝါရောင်ဆွယ်တာလေးကို T-shirtပေါ်မှာထပ်ဝယ်လိုက်သည်ဆိုင်သွားဖို့အကုန်ပြင်ဆင်ပြီးတာမို့ အောက်
ထပ်ကိုဆင်းလာလိုက်တော့သည်။
ပါးပါးကလည်းဒီနေ့အစောကြီးနိုးနေပါလား
မနက်စာတောင်စားနေပြီ ကျနော်ကပုံမှန်ဆို မနက်စာသိပ်စားလေ့မရှိဘူး အဲ့တာကြောင့်
ပါးပါးကအမြဲဆူတယ်လေ"သားသွားတော့မလား ပါးပါးကားနဲ့လိုက်ပို့
မယ်လေ ""ရတယ် သားစက်ဘီးစီးသွားမှာ"
"ဂရုစိုက်"
"ဟုတ်"
ပါးပါးကိုနှုတ်ဆက်ပြီးတာနဲ့ ဂိုဒေါင်ထဲက စက်ဘီးလေးကိုထုတ်ပြီး ဆိုင်ကိုလာခဲ့လိုက်
တယ် ဆောင်းဦးဖြစ်တာကြောင့် စက်ဘီးစီးရတာ လေ့ကျင့်ခန်း တစ်ခါလိုပါပဲ လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါဒေါက်!ဒေါက်!
"boss ကျွန်တော်ဝင်ခဲ့မယ်နော်""အေးဝင်လာခဲ့"
"bossစုံစမ်းခိုင်းတဲ့ကောင်လေးအကြောင်းသိပါပြီ"
"ပြော"
bossပြောလာလိုက်တဲ့စကားက
စိတ်မရှည်တော့ဘူးကို ဆိုလိုတာကြောင့်
မြန်မြန်ပြောလိုက်ရတော့သည်"နာမည်က ကြွေရုပ်လွှာ၊အသက်က၂၅ပါ
ရုက္ခဗေဒနဲ့ကျောင်းပြီးထားတာပါ၊
'Tulip'ဆိုတဲ့အမည်နဲ့ ပန်းဆိုင်ဖွင့်ထားပါတယ်
သူ့ရဲ့အမေက ငယ်ငယ်ကတည်းက
ဆုံးသွားတယ်လို့ သိရပါတယ် အဖေက
'Royal' အလှကုန်ကုမ္ပဏီရဲ့ ceoပါ""ရပြီ..ငါ့ကိုသူ့ရဲ့ပန်းဆိုင်ကိုပို့ပေး"
ကြွေရုပ်ရေ စောင့်နေနော် ကိုယ်လာပြီ
ချွတ်ထားတဲ့ long coat ကို ပြန်ဝတ်လိုက်ပြီး
ကားပါကင်သို့ လမ်းလျှောက်သွားလိုက်သည်
အဆင်သင့်စောင့်နေသော ကားပေါ်မှာ ဝင်ထိုင်
လိုက်တော့ ဒရိုင်ဘာကလည်း ဘာစကားမပြောဘဲ ကျုပ်သွားချင်တဲ့နေရာကို မောင်းလာတော့သည်။
YOU ARE READING
'ဝဲ'