နာကျင်နေသောခန္ဓာကိုယ်ကို လက်နဲ့အားပြုကာ အတင်းထ၍ အကျီဝတ်ဖို့ ဘီဒိုဆီသို့...
နာတယ်!ဒါပေမယ့် ခန္ဓာကိုယ်ပေါ်က အမှတ်ရာတွေမြင်ရင် အနည်းငယ်တော့ ပျော်နေမိတယ်။ အကျီ
ဝတ်နေချိန် အခန်းတံခါးခေါက်သံကြားတာကြောင့် မြန်မြန်အကျီဝတ်ကာ တံခါးဖွင့်ပေးလိုက်တယ်။"သခင်လေးကိုခြံထဲကမြက်တွေနှုတ်ခိုင်းဖို့ bossကမှာခဲ့တယ် နောက်၅မိနစ်အတွင်း
အောက်ကိုလာခဲ့ပါ"ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်တော့
အလုပ်သမားကောင်လေးက အောက်ထပ်ကို
ပြန်ဆင်းသွားတယ်။မြက်နှုတ်ရမယ်တဲ့ ကိုစိုင်း
ခိုင်းတဲ့အလုပ်ပဲလုပ်ရမှာပေါ့။ မြက်တွေမရှိမှ အပင်လေးတွေကောင်းကောင်းရှင်သန်နိုင်မှာ။ မြက်ရိတ်စက်နဲ့ရိတ်ရင်တော့ မြန်မြန်ပြီးလောက်
တယ်။ဒါပေမယ့်လက်နဲ့နှုတ်ရမှာဆိုတော့ ဒီပုံစံအတိုင်းဆိုရင် ညနေ၆နာရီမှပြီးမယ် ထင်တယ်။နှဖူးပေါ်မှာကျလာသော ချွေးတွေကို ပုခုံးပေါ်က ပဝါနဲ့သုတ်ပြီး မြက်နှုတ်နေရသည်။ နေက အရမ်းပူတယ်။ ခြစ်ခြစ်တောက်ကိုပူနေတာ။ နာကျင်နေသော ခါးအောက်ပိုင်း၊ပူလောင်သောနေ၊ ကျလာသောချွေးတွေကြောင့် ကြာလာတော့ မျက်လုံးတွေဝေဝါးကာ မြက်ခင်းပေါ်သို့ လဲကျသွားသည်။ အမှောင်အတိသို့ကျရောက်
သွားပြီး အသံလေးတစ်ခုကိုကြားလိုက်ရတယ်။"ကြွေရုပ်...ထပါအုန်း ကိုယ့်ကလေးလေး
ဘာဖြစ်တာတုန်း"ထိုအသံ...ထိုအသံကို ကျနော်သိတယ်။ကျနော်ချစ်ရတဲ့သူရဲ့အသံ..။အလုပ်ကအပြန် ခြံထဲကမြက်နှုတ်နေသော
ကြွေရုပ်ရဲ့ခန္ဓာကိုယ်ဟာ မြက်ခင်းပေါ်သို့လဲကျသွားသောကြောင့် ကားထဲကအမြန်ဆင်းကာ ကြွေရုပ်ရဲ့ခန္ဓာကိုယ်ကို ချီပြီး အခန်းထဲသို့
အမြန်တက်လာလိုက်သည်။"အခုချက်ချင်း ဒေါက်တာမောင် ကိုခေါ်လိုက်"
"ဟုတ်ကဲ့boss"
ချွေးတွေနဲ့နှစ်နေသော ချစ်ရသူရဲ့ခန္ဓာကိုယ်
ပေါ်က အဝတ်အစားတွေကိုချွတ်ပြီး
ရေစွတ်ထားသော ပုဝါနဲ့ လိုက်သုတ်ပေးလိုက်
သည်။ ဒေါက်တာမရောက်ခင် မြန်မြန်လုပ်၍ အဝတ်အစားပြန်လဲပေးလိုက်သည်။
YOU ARE READING
'ဝဲ'