မနက်စောစောစီးစီး နွယ်တစ်ယောက်
အစောကြီးထကာ ဒီအိမ်ရဲ့အိမ်ရှင်မ
တစ်ယောက်လို ပြုမူနေသည်။ သူ့ရဲ့အခုလိုအပြုအမူတွေကို စိုင်းကလွဲရင် ဘယ်သူမှ
ပြောခွင့်မရှိဘူး။"စိုင်းစားဖို့ အကုန်လုံးတော့ ပြင်ဆင်ပြီးပြီ"
စိုင်းကိုနိုးဖို့ လှေကားနားကိုသွားလိုက်ချိန်
အပေါ်ထပ်ကနေ ဆင်းလာသောလူ
နှစ်ယောက်ကြောင့်စိတ်ပျက်သွားတယ်။ ထိုလူ
နှစ်ယောက်က စိုင်းထက်ဉာဏ်နှင့်ကြွေရုပ်လွှာ။*မနေ့ညက ရန်ဖြစ်ထားတာကို ဘာလို့အခုလို အဆင်ပြေနေရတာလဲ။*
ကြွေရုပ်ကို ချီကာဆင်းလာသော ပုံရိပ်ကို
ဒေါသမျက်လုံးတွေနဲ့ကြည့်နေရှာသည်။"အကဲပိုတာပဲ ကိုစိုင်းကတော့ ကျနော့်ဘာသာ ဆင်းလို့ရနေတာကို"
"မရပါဘူး ကိုယ့်ကလေးလေးရဲ့ခြေထောက်
တစ်ခုခုဖြစ်သွားရင် ဘာလုပ်မလဲ"နွယ်ဒေါသထွက်လွန်းတယ်။ ကိုယ်ချစ်နေရတဲ့သူနှင့် တစ်ခြားတစ်ယောက် အခုလို နွယ့်ရှေ့မှာ သာယာနေတာကိုလဲ မုန်းတယ်။ စိုင်းစားဖို့
အတွက် မနက်ကတည်းက စားစရာတွေ
ပြင်ဆင်ထားရတာ အခုတော့ မလိုလားတဲ့
လူတစ်ယောက်ကိုပါ ကျွေးနေရပြီ။"ကိုယ့်ကလေးလေး ခွံ့ကျွေးတာပဲ စားမယ်"
"နွယ်ရှိနေတယ်လေ သိက္ခာလေးတော့ဆယ်ပါအုန်း"
"ကိုယ့်ကလေးနဲ့သာဆိုရင် သိက္ခာလဲမဆယ်
နိုင်သလို၊ရှိတဲ့မာနရောသိက္ခာပါ မြောင်းထဲ
ရောက်တယ်""ဟာ"
ကိုစိုင်းတစ်ယောက်က တစ်ကယ်တစ်ဇွတ်ထိုး
ပြောလို့ဆိုလို့ကိုမရဘူး။ အခုလည်းနွယ်ရှိနေတာကို သိလျက်နဲ့ လက်ကဒဏ်ရာကို
အခွင့်ကောင်းယူပြီး ခွံ့ကျွေးခိုင်းနေတယ်။မနက်စာစားလို့ပြီးတာနဲ့ ကိုစိုင်းရဲ့ အလုပ်
အိပ်ကို ကားစီယူသွားပေးလိုက်သည်။
နွယ်လည်းကိုစိုင်းနဲ့အတူ ကားပေါ်ပါသွားသည်။
ခြံထဲကကားထွက်သွားတာနဲ့ အိမ်ထဲသို့
ပြန်ဝင်လာခဲ့သည်။"စိုင်းပြောတော့ ကြွေရုပ်လွှာရဲ့အဖေက စိုင်းရဲ့အမေကိုသတ်ခဲ့တာဆို ဘာလို့စိုင်းကကြွေရုပ် အပေါ် ချစ်နေရတာလဲ"
YOU ARE READING
'ဝဲ'