တွေ့ဆုံခြင်း
ကျူးလစ်ပန်း(Tulip flower)တွေအများကြီးထဲမှ အဝါရောင်ကျူးလစ်ပန်းလေးကို
ရှုးရှုးမူးမူးကြိုက်မိနေတယ် ကျူးလစ်ပန်းရဲ့
အဓိပ္ပာယ်က "အချစ်သင်္ကေတ"လို့ သိရှိရတယ်
အဝါရောင်ကျူးလစ်ပန်းလေးက
'hopeless love' မျှော်လင့်ချက်ကင်းမဲ့ရသောအချစ်၊ တစ်ဖက်သတ် သာချစ်ရသူ၊
ကိုယ်ကသာ အချစ်ကိုပေးဆပ်နေပြီး သူ့ဆီက ဘာမှမမျှော်လင့်သူတို့၏အချစ်ဆိုပြီး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်ကျနော့်ကို လူတစ်ယောက်က
အဝါရောင်ကျူးလစ်ပန်းလေးကို ပေးဖူးတယ် အခုထိ သိမ်းထားမိတယ် ပေးတဲ့သူကဘယ်သူလဲဆိုတာ မမှတ်မိပေမယ့် ကျနော့်ရဲ့စိတ်ထဲကနေ သူ့ကိုချစ်နေမိတယ်......."သား..ဘယ်သွားမလို့လဲ"
"ပါးပါးကလည်းကွာ ဘယ်သွားမလဲသိရဲ့သားနဲ့မေးနေပြန်ပြီ သားက စနေ၊တနင်္ဂနွေဆို
Mapleရဲ့ Book & Cafe ဆိုင်ကိုသွားနေကြလေ""အေးပါ မင်းအဖေနေရာ ရောက်မှ သိမယ်"
"ဟုတ်ကဲ့ပါ အခုတော့သွားတော့မယ်
ပါးပါး တာ့တာ ""ဂရုစိုက်သွား"
သီချင်းညည်းရင်း ထွက်သွားလေသော
သားကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်
သူ့အမေဆုံးသွားပြီးကတည်းကသားကိုကျုပ်ပဲ
ဂရုစိုက်လာခဲ့ရတာ အမေနေရာဆိုလည်း ကျုပ်
အဖေနေရာဆိုလည်း ကျုပ်ပဲလေ
ကျုပ်မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ အဲ့တာကြောင့်အမြဲလိုလိုဂရုစိုက်နေရတာပေါ့........ဒီနေ့ ကျမှMapleတို့ဆိုင်က လူတွေအရမ်းများနေတယ် ပုံမှန်ထိုင်နေကျ နေရာလေးတောင် လူဦးသွားလို့ တစ်ခြားနေရာမှာပြောင်းထိုင်
လိုက်ရသည်။ အခုထိုင်တဲ့နေရာလည်းကောင်းပါ
တယ်မှန်ကနေတစ်ဆင့် ကားလမ်းမကိုမြင်ရ
တယ်လေအတွေးတွေကိုရပ်တန့်လိုက်ပြီး
ဖတ်လက်စ စာအုပ်လေးကိုပြန်ဖတ်လိုက်တယ် ဒီနေ့တော့ ကော်ဖီမမှာတော့ဘူးပေါ့စာဖတ်နေတုန်း ဆိုင် bellသံကြားလို့ကြည့်
လိုက်တော့ လူတစ်ယောက်ဆိုင်ထဲဝင်လာတယ်
အကုန်လုံးက သူ့ကိုဝိုင်းကြည့်နေပြီး တီးတိုးပြောနေကြသည်။
YOU ARE READING
'ဝဲ'