ချစ်ရသူအတွက်စိုးရိမ်စိတ်နှင့် ပြေးလွှားနေသောကောင်လေးတစ်ယောက်...။
နောက်ဆုံးအကြိမ်မြင်တွေ့ရမယ့်
ကောင်းကင်ပေါ်ကအရာတွေကိုကြည့်ပြီး
အသက်ပြင်းပြင်းတစ်ချက်ရှူကာ
လသာဆောင်က ခုန်ချဖို့လုပ်နေတဲ့ကောင်လေး
တစ်ယောက်...။"ကြွေရုပ်..စိတ်လိုက်မာန်ပါမလုပ်နဲ့နော်
လိမ္မာတယ်ကိုယ့်ဆီလာခဲ့""ဟင့်အင်း..မလာဘူး ပါးပါးကိုသတ်ခဲ့တဲ့
လူသတ်သမားနှင့်အတူမနေနိုင်ဘူး""ကိုယ်တောင်းပန်ပါတယ် ကြွေရုပ်
စိတ်ကျေနပ်တဲ့အထိ ကိုယ့်ကိုအပြစ်ပေးပါ ကိုယ်ခံယူပါမယ် အခုကိုယ့်စီလာခဲ့နော် ကလေး""ပါးပါးမရှိလို့ ကျနော်လည်းအသက်ထပ်
ရှင်စရာအကြောင်းမရှိတော့ဘူး!!""ကြွေရုပ်...!"
မျက်လုံးကိုမှိတ်ထားလိုက်ပြီး လသာဆောင် ပေါ်ကနေ အောက်ကိုခုန်ချလိုက်သည်။ခုချိန်မှာ ကျနော်ဟာ လှောင်အိမ်ထဲကလွတ်လာတဲ့ လိပ်ပြာလေးတစ်ကောင်လိုပဲ။ မြေပြင်ပေါ်ကို ကျသွားတဲ့အခါ ကျနော့်ရဲ့မျက်လုံးတွေလေးလံလာပြီး
အမှောင်အတိသို့ကျရောက်သွားသည်။အကယ်၍ ပြန်မွေးဖွားခဲ့ရင် လိပ်ပြာလေး
တစ်ကောင်ဖြစ်ချင်တယ်။စိုင်းထက်ဉာဏ်တစ်ယောက် အိမ်ထဲကနေပြေး ထွက်လာကာ မြေပေါ်မှာသွေးအလိမ်းလိမ်းနဲ့လဲကျနေသော ကြွေရုပ်လွှာရဲ့ ခန္ဓာကိုယ်ကို ဖက်ပြီး အရူးတစ်ယောက်လို ငိုကြွေးနေသည်။
"မအိပ်လိုက်နဲ့နော် ကိုယ်..ကလေးကိုဆေးရုံခေါ်သွားပေးမယ် ခနလေးပဲစောင့်...
ကောင်းရေဆေးရုံသွားဖို့ ကားပြင်ထား"ကြွေရုပ်ကိုပွေ့ချီကာ ကားနောက်ခန်းထဲထည့်
လိုက်ပြီး ကျုပ်ပုခုံးထက်မှာ မှီစေပြီး ဖက်ထား
လိုက်သည်။ ကြွေရုပ်ရဲ့ဆံနွယ်တွေကိုပွတ်သပ်
လိုက်ပြီး ကြွေရုပ်အိပ်မပျော်အောင် အနားမှာနေပြီးစကားတွေပြောပေးနေသည်။ကျုပ်ရဲ့ကလေးလေးကစိတ်စိုးနေတယ်ထင်ပါရဲ့ ကျုပ်ကိုဘာစကားမှတောင်ပြန်မပြောဘူး။
YOU ARE READING
'ဝဲ'