ဂျိတ် တစ်ယောက် မီရာဆိုသည့် ကောင်မလေးကို စိတ်ဝင်စားသဖြင့် စုံစမ်းခိုင်းလိုက်ရာ ထိုကောင်မလေးရဲ့ အကျင့်တွေကို သိလိုက်ရသောကြောင့် ရွံရှာမိသွားလေသည်။
'ရုပ်လေးနဲ့ မှ မလိုက် အကျင့်က ဆိုးလိုက်တာ'
#ဒီး ဒီး ဒီး#(ဖုန်းမြည်သံပါနော်)
လက်ထဲက ဖိုင်ကိုချကာ ဖုန်းကိုကိုင်လိုက်ပြီး ဆက်လာသောလူအား ပြန်ဖြေလိုက်လေသည်။
"ဟယ်လို"
"ဟယ်လို ဂျိတ်လား??"
"အင်း၊မင်းက?"
"ဒန်နီရယ်"
"မင်း..."
"ဟိုး stop! ကျွန်တော်ပြောတာနားထောင်ဦး ။မနက်ဖြန် နေ့လည် ၁၂နာရီ ပို့ထားတဲ့ နေရာကိုလာခဲ့ပါ။ ပြောစရာရှိတယ်"
#တီ တီ တီ#
ကျသွားတဲ့ ဖုန်းနံပါတ်နဲ့ အတူ သူ့ဖုန်းထဲကို messageတစ်စောင် ရောက်လာခဲ့သည်။
📥📥📥📥📥
#XX စားသောက်ဆိုင်၊ VIP Room (13)#
✉️✉️✉️✉️✉️
ထို တိုတောင်းသော စာလေးတစ်ကြောင်းပို့ပြီးသည်နဲ့ ဘာမှပြန်မပြောတော့သည့် ကောင်လေးက သူ လက်ခံမည်ဆိုတာကို ကြိုသိနေသည့်ပုံပင်။
ဒန်နီရယ် တည်နေရာကိုပို့ ပြီးသည်နဲ့ ဖုန်းပိတ်လိုက်လေသည်။ သူသိပါသည် ထိုလူဟာ ဘယ်အကြောင်းပြချက်နှင့်မျှ ငြင်းလိမ့်မည် မဟုတ်ပေ။သူ့မှာ ယုံကြည်ချက်ရှိနေရသည့် အကြောင်းပြချက်လည်းရှိနေလေသည်။
~~~~~~~~
မနက် ၉နာရီ....ဒန်နီရယ် ပုံမှန်ထနေကြ အချိန်အတိုင်းထလာလေသည်။ ရေချိုး မျက်နှာသစ် သွားတိုက် နေ့စဥ်အလုပ်များလုပ်ပြီးသည်နှင့် အောက်ထပ်သိ့ဆင်းလာလိုက်လေသည်။
အောက်ဆင်းလာသည့် အဖြူလုံးလေးကိုတွေ့သည့်နှင့် ရိုစ့်တစ်ယောက်လှမ်းခေါ်လိုက်သည်။
"ဒါလင် မနက်စာ စားလို့ရပြီ"
"ဟုတ်ကဲ့"
ရို့စ်ဆိုသည့် သူ့အမဟာ မိန်းကလေးလို့ပြောလို့မရအောင်သန်မာလွန်းသည် စီးပွားရေးလောကမှာ ရိုစ့်ကိုမသိသူမရှိပေ။ သူမဟာ မိန်းကလေးအများစုလို ပုပုသေးသေးမဟုတ်ပေ။ ၅ပေ၆လက်မကျော်သော အရပ်နှင့် ဖြူဖွေးသော အသားအရည် ဓားသွားသဏ္ဍာန် မျက်ခုံးများက လှပသည့်ဘက်ထက် ခန့်ညားသည့်ဘက်ကို ပိုရောက်လေသည်။
ဒန်နီရယ်ဟာတော့ သူ့အမနဲ့ဆန့်ကျင်ဘက်ပင် ၅ပေ၄လက်မ အရပ်နှင့် ဖြူဥနေသော အသားအရည် မက်မွန်းကိုင်းသဏ္ဍာန် မျက်ခုံးများက သူ့ကိုချစ်ဖို့ကောင်းသည့် ဘက်ကို တွန်းပို့နေလေသည်။(အရည်အချင်းပြည့်မှီတဲ့ Bလေး)
🍽🍽🍽🍽🍽🍽🍽
ရိုစ့် သူမရဲ့ အချစ်တုံးလေး နဲ့ မနက်စာစားပြီးနောက် ကုမ္ပဏီသို့ သွားရန်ပြင်ရလေတော့သည်။
"ဒါလင် မမ အလုပ်သွားတော့မယ်။ လိမ်လိမ်မာမာနေနော် ။ စားချက်တာရှိရင် အန်တီယန်းကိုပြောပြီးလုပ်ခိုင်းလိုက် ဟုတ်ပြီလား"
"ဟုတ်ကဲ့"
သူ့အမထွက်သွားပြီးနောက် ဒန်နီရယ် အပေါ်ထပ်ကိုတက်ကာ အခန်းထဲပြန်ဝင်နေလိုက်သည်။
🚪🚪🚪🚪🚪
ဂျိတ်နဲ့ ဒန်နီရယ်ဟာ မမွေးခင်ကတည်းက စေ့စပ်ထားပြီးသားပင်ဖြစ်သည်။ မွေးလာတော့ နှစ်ဖက်မိသားစုက လူကြီးများက လက်ထပ်ပွဲကို အတည်ပြုလိုက်ကြသည်။
ဂျိတ်ဟာ ဒန်နီရယ် အပေါ် ညီကိုလိုပဲသဘောထားတာဖြစ်သည်။ ဒန်နီရယ်ကိုသူဟာ ညီလေးတစ်ယောက်လိုသာ ချစ်ပြီး ညီလေးတစ်ယောက်လိုသာဂရုစိုက်တာဖြစ်သည်။
ဒီအတောအတွင်း သူနဲ့ ဒန်နီရယ် မတွေ့ဖြစ်တာကြာပြီပင်။ မနေ့ကမှ ထိုကောင်လေး ဖုန်းဆက်မှ ပြန်အဆက်အသွယ်ရကြတာဖြစ်သည်။
🍽🍽🍽XX စားသောက်ဆိုင်🍽🍽🍽
🚪🚪VIP Room (13)🚪🚪
ချိန်းဆိုထားသော အချိန်ကျနေသော်လည်းပေါ်မလာသော ကောင်လေးကြောင့် ဂျိတ် အခန်းဝကိုပဲ ငေးနေမိသည်။
ကျွီ~~🚪🚪
အခန်းတံခါး ပွင့်သွားသည် နှင့် မြင်လိုက်ရသောပုံရိပ်ကြောင့် ဂျိတ် ဆွံအနေမိသည်။
~~~~~~~~~~~~
TBC