ဂျိတ် လုံးဝအသိစိတ်လွတ်နေသူတစ်ယောက်သဖွယ် အိမ်သို့ပြန်ရောက်လာလေသည်။
"သား ဘာဖြစ်ခဲ့တာလဲ"
သူမရဲ့သား အိမ်သို့ အသက်မရှိသူတစ်ယောက်သဖွယ်ပြန်ရောက်လာတာမြင်ရတဲ့အတွက် ဘာဖြစ်တာလဲဆိုတာကို သိရဖို့ သားတော်မောင်ကို ဒေါ်မေရီမေးလိုက်လေသည်။
"သူ.....ကျွန်တော်....."
"မေ့မေ့ကို သေချာပြောစမ်းဘာဖြစ်တာလဲ"
ဖြစ်ကြောင်းကုန်စင်ပြောပြီးသည့်နောက်မှာတော့ ဒေါ်မေရီ သက်ပြင်းသာချလိုက်မိလေသည်။ဒီကိစ္စကြီးတစ်ခုလုံးမှာ ဘယ်သူမှားလည်း ဘယ်သူမှန်လည်းကို ပြောလို့မရပေ။
................
ရိုစ့် အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေတာကြောင့် တစ်ခုခုဖြစ်နေမှန်းရိပ်မိလိုက်သည်။ အကြောင်းစုံသိဖို့အတွက် ထမင်းချက်အန်တီကြီးကို သူမခေါ်လိုက်လေသည်။
"အန်တီ လီ၊အငယ်လေးရော ပြီးတော့ ဘာလို့အိမ်က ဒီလောက်တိတ်ဆိတ်နေရတာလဲ"
"အန်တီလဲ မသိဘူး သခင်မလေး။သခင်လေးက ပြန်လာကတည်းက အိပ်ခန်းထဲ ဝင်သွားတာ ပြီးတော့ ဘယ်သူ့ကိုမှ သူ့ကိုလာမခေါ်ခိုင်ဘူး"
အန်တီလီ ဆီမှ သိလိုက်ရတဲ့ အကြောင်းအရာတွေကြောင့် အငယ်လေး စိတ်ညစ်နေမှန်း သူမရိပ်မိလိုက်သည်။
...........
<<အပေါ်ထပ်>>သူမ အငယ်လေးရဲ့ တံခါးကို ဖွင့်ဝင်လိုက်တော့ ပျံသန်းလာတဲ့ ခေါင်းအုံးတစ်လုံး။ ထိုခေါင်းအုံးကို အသာအယာဖမ်းရင်း
"အငယ်လေး မမပါ"
"မမ"
"အငယ်လေး မမကို ပြောချင်တာရှိလား"
"ကျွန်တော် သူနဲ့ စေ့စပ်ထားတာ ဖျက်ချင်တယ် မမ"
အငယ်လေး ပါးစပ်က ထွက်လာတဲ့ သူက ဘယ်သူဆိုတာ မမေးပဲနဲ့သူမသိလိုက်ပါပြီ။ အငယ်လေး ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပင်။ သူမ အငယ်လေးပျော်ဖို့အတွက်ဆို သူမအသက်တောင်ပေးနိုင်ပါတယ်။ ထို့ကြောင့်
"ကောင်းပြီ၊မနက်ဖြန်ကျရင် သွားတာပေါ့"
"ဟုတ်ကဲ့"
အားပျော့စွာလှဲနေတဲ့ သူမရဲ့မောင်ငယ်လေးကို ထားကာ သူမအောက်ဆင်းလာခဲ့လေသည်။မနက်ဖြန်အတွက်ပြင်ဆင်ရမည်မဟုတ်လား။
......................
ဒန်နီရယ် သူ့ အမထွက်သွားတော့လှဲနေရာမှထထိုင်လိုက်လေသည်။
'13 မင်းရှိလား'
^24 hrအသင့်ရှိပါတယ် host^
'ငါ့ကို ဇာတ်လိုက်မ မီရာဘာလုပ်နေလဲဆိုတာစောင့်ကြည့်ပေးထား'
^ဟုတ်ကဲ့ပါ host^
ထို့နေ့က အိမ်၂အိမ်စလုံးတွင် လေထုက မှုန်မှိုင်းနေလေတော့သည်။
_________________________