Arc 3(Part 3.1){Uni}

329 25 3
                                    

"သူ အဆင်ပြေပါ့မလား အိမ်တော်ထိန်းကြီး"
"သခင်လေးအဆင်ပြေမှာပါ။ ဆရာဝန် သခင်လေးဘယ်လိုနေသေးလဲ"
"သခင်လေးက ခေါင်းကိုထိမိသွားတာပါ။ဆိုးဆိုးဝါးဝါးမဟုတ်တော့ ဘာမှသိပ်စိုးရိမ်စရာမလိုပါဘူး"
*အွန်းးးး*
"မောင်လေးနိုးပြီးလား"

ရှိုးချန်တစ်ယောက် ကူးပြောင်းပြီးပြီးချင်း သူ့ကို မောင်လေးဟုခေါ်လိုက်သည့် မမလှလှတစ်ယောက်ကြောင့်ကြောင်သွားလေသည်။

"မမကဘယ်သူလဲဟင်"
"မောင်လေး မမကိုမမှတ်မိတော့ဘူးလား။ ဆရာဝန်ဒါဘယ်လိုဖြစ်ရတာလဲ"
"ဟို....ဒါက သခင်လေး ခေါင်းထိပြီး မှတ်ဉာဏ်ယာယီဆုံးရှုံးလိုက်ရတာဖြစ်ပါလိမ့်မယ်"
"သူ့မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်ရမှာလဲ"
"အချိန်ပေးလိုက်ရင် ပြန်မှတ်မိလာပါလိမ့်မယ်"

သူ့ရှေ့က စကားပြောနေသည့် လူ၂ယောက်အားကြည့်နေရင်း စိတ်ထဲတွင် ဇာတ်ကြောင်းလက်ခံလိုက်လေသည်။

တစီစီကိုက်ခဲမှုတွေနဲ့အတူ သူ့ခေါင်းထဲ့ ဒီကမ္ဘာ၏ ဇာတ်ကြောင်းရရှိလာတော့သည်။

သူမနဲ့ ဆရာဝန် စကားပြောနေတုံး ရုတ်တရက်ကြီးမေ့လဲသွားသော သူမ၏ မောင်လေးကြောင့် ရိုစ့် တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားလေသည်။

____________________

သတိမေ့သွားတယ်ဆိုတဲ့ ရှိုးချန်တစ်ယောက် စစ်စတမ်ပေးသောဇာတ်ကြောင်းကိုဖတ်နေလိုက်သည်။

ဇာတ်လိုက်နာမည်က ဂျိတ်(နာမည်တူချင်းသည်းခံပါ) ဒိတ်ဒိတ်ကြဲceoတစ်ယောက် မာနကြီးသလို ဒေါသလည်းကြီးသည်မို့ သူ့နားတွင် နေသူတိုင်း အသက်ကိုဖက်နဲ့ထုပ်ထားရသည်။ ဇာတ်လိုက်မကတော့ မီရာ(နာမည်တူချင်းသည်းခံရန်) ဂျိတ်ရဲ့ လက်ထောက်အတွင်းရေးမှူး ။ အဲဇာတ်လမ်းလေးကတော့ အကြောက်အလန့်ကင်းတဲ့ ဇာတ်လိုက်မရဲ့ပုံစံကြောင့် ဇာတ်လိုက်ကစိတ်ဝင်စားပြီး လိုက်ပိုးရာကနေ အမှန်တစ်ကယ်ချစ်မိသွားတာပေါ့။ သူဝင်ထားတဲ့ ကိုယ်ကတော့ စီးပွားရေးလောကရဲ့ ဘုရင်မရဲ့ တစ်ဦးတည်းတည်းသောမောင်လေး ဇာတ်လိုက်နဲ့စေ့စပ်ထားတဲ့ သူ။ သူ့နာမည်က ဒန်နီရယ်(နာမည်တူ ရင် သည်းခံပါရှင့်)။ ဒန်နီရယ်နဲ့ဂျိတ်က မွေးကတည်းက လက်ထပ်ဖို့ ကြောင်းလှမ်းထားပြီးသားပင်။ ဂျိတ်ဟာအရင်တုံးက ဒန်နီရယ်ကို ဂရုစိုက်ပေးပေမဲ့ ဇာတ်လိုက်မပေါ်လာပြီးနောက် ဒန်နီရယ်ကို အရင်လိုမဆက်ဆံတော့ပေ။ ဒန်နီရယ်ဟာ အလိုလိုက်ခံနေကြသူဆီက ဥပက္ခာပြုမှုများရရှိပြီးနောက် မှာ သူ့ရဲ့စိတ်ဟာ အရမ်းကို ပုံမှန်မဟုတ်တော့ပေ။ ဒန်နီရယ်ဟာ သူ့အပေါ် ဂရုစိုက်ပေးတဲ့ ဂျိတ်အပေါ်ကြွေနေသူလည်းဖြစ်တယ်။ ဒန်နီရယ်ဟာ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့ရသည်။ အမှန်တော့ ထိုအက်ဆီးဒင့်က ဇာတ်လိုက်မ စနက်ပင်။ သူမထက်လှပနေတဲ့ ဒန်နီရယ်ကို မနာလိုတာရယ် ဇာတ်လိုက်ရဲ့ဂရုစိုက်မှုကို ရရှိထားတာရယ်ကြောင့် ဒန်နီရယ်ကို သတ်ခဲ့တာဖြစ်တယ်။သူသေဆုံးပြီးသည့်နောက် သူရဲ့အမဟာ သူစိတ်နဲ့ ဆုံးပါးသွားလေသည်။ ဇာတ်လိုက်မက ဇာတ်လိုက်ထင်သလို ဖြူစင်မနပါဘူး။ သူမက ဂျိတ်ကို ကပ်ဖို့ သူများတွေလို မြူစွယ်တဲ့ နည်းမသုံးပဲ ရိုးရိုးရှင်းရှင်း ပုံစံလှည့်စားကာ လိမ်ထားတာပဲဖြစ်တယ်။

ဇာတ်ကြောင်းတစ်ခုလုံးကို သေချာဖတ်ပြီးသည့်နောက်

'Missionကဘာလဲ'
°1.အမကိုမသေစေရန်(lp=600,bp=480)
2.မီရာမှ မိမိအားတောင်းပန်စေရန်(lp=400,bp=320)
3.ချစ်ရတဲ့သူနဲ့အတူနေရန်(lp=800,bp=550)°
'ဒီ၃ခုပဲလား'
^ဟုတ်ပါတယ် ^

_____________________

*အခုကစပြီး ဒန်နီရယ်လို့ရေးပါ့မယ်*

နာကျင်နေဆဲ ခေါင်းနဲ့အတူ ဒန်နီရယ်နိုးလာခဲ့သည်။

"ရေ....ရေ..."(အားနည်းသောအသံနှင့်ဖတ်ရန်)

အာခေါင်တစ်ခုလုံးခြောက်ကပ်နေသည့်အတွက် ရေကို သာတောင်းမိလိုက်သည်။

ဆိုဖီတစ်ယောက် ဘေးမှာ ငိုက်နေတုံး သခင်လေး၏ ရေတောင်းသံကြောင့် နိုးလာကာ ရေကရားထဲမှ ရေကို ခွက်ထဲထည့်ပြီး သခင်လေးကို သေချာတိုက်လိုက်သည်။

"သခင်လေး ဒီမှာရေ ဖြေးဖြေး သောက်ပါ"

*ဂလု~~~ဂလု~~ဂလု*

"သခင်လေးအဆင်ပြေသွားပြီလား ဆိုဖီ မမလေးကို သွားခေါ်လိုက်ဦးမယ်နော်"
"အင်း"

_________________

အခုချက်ချင်း ရေးတင်ပေးလိုက်တာနော်Voteပေးသွား😒😒

Mission To Revenge ⌚⌚⌚{Arc 3}Where stories live. Discover now