ဆိုဖီမှ သူမ၏ မောင်လေး နိုးလာပီဆိုသောကြောင့် ရိုစ့်တစ်ယောက်သူမ အလုပ်တွေကိုပစ်ကာ သူမရဲ့ အချစ်ဆုံးလေးဆီအပြေးသွားလိုက်သည်။
သူမရဲ့ အဖိုးတန်ရတနာလေးက ကုတင်ပေါ်မှာဖြူဖျော့စွာ လှဲနေရသောကြောင့် သူမရဲ့ ရင်ဘတ် ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်နေသလိုပင်။သူမရဲ့ မောင်ငယ်လေး နားသို့ ခပ်ဖြည်းဖြည်းချည်းကပ်ကာ ပြောလိုက်သည်။သူမရဲ့အသံက နူးညံကာညင်သာလွန်းလှသည်။
"အချစ်လေး။အဆင်ပြေလား။နေရတာမသက်သာတဲ့နေရာတွေရှိလား ရှိရင် မမကိုပြောနော်"
"မမ က......"
"မမ က မင်းလေးရဲ့ အမလေ"
"အမ???"
"အင်း ဟုတ်တယ်လေ မမ က မင်းရဲ့ အမ။ ထားပါတော့ မင်းလေး အနားယူရမယ်"
"ဟုတ်ကဲ့......မမ"
.......................
"သခင်လေး စုံးစမ်းခိုင်းထားတဲ့ ကောင်မလေးအကြောင်းသိရပါပြီး"
"ကောင်းပြီ"
အေးစက်နေတဲ့ အသံနဲ့အတူ ခန့်ညားစွာ အမိန့်ပေးလိုက်သူကတော့ Rey Companyရဲ့ ဆက်ခံသူ သခင်လေး ဂျိတ်.....။
"ဟုတ်ကဲ့ ကျွန်တော့ကို ခွင့်ပြုပါဦး သခင်လေး"
"အင်း"
လူဟန် တစ်ယောက် သူရဲ့ သခင်လေး ကိုနှုတ်ဆက်ပြီးနောက် ထွက်လာခဲ့တော့သည်။
______________
မီရာတစ်ယောက် စိတ်တွေတိုနေမိသည်။ သူမဒီကမ္ဘာကိုရောက်ကတည်းက ပထမဦးဆုံး အမှန်တစ်ကယ်စိတ်ဝင်စားမိသည့်သူက သူမကို လျှစ်လျှူရှုခဲ့သည့်အတွက် ဒေါတွေကန်နေလေသည်။
"တောက်စ်!...သူကဘာလို့ ငါ့ကို မကြည့်တာလဲ။ သူကငါပိုင်သင့်တာ။"
_________________
>>Time Skip<<
ဒန်နီရယ် အနေနဲ့ ဒီကမ္ဘာရောက်သည့်အချိန်ကစပြီး အခုထိ အေးဆေးနေလေသည်။
^ဒင် host အခုထိဘာ missionsမှမလုပ်တော့ဘူးလား^
'ဘာလို့ဘာမှ မလုပ်ရမှာလဲ'
^ဘာများလုပ်ေနလို့လဲ ^
'Mission No.1ကိုလုပ်နေတယ်လေ'
^........^
___________