Part (2)

1.5K 87 3
                                    

Unicode

မင်းဓနရှိန်လည်း ဖခင်ရပ်နေသော နေရာသို့ တစ်လှမ်းခြင်းစီလှမ်းကာ လမ်းလျှောက်သွားပြီးမှ

'' တွေ့လား ကျော်လွင် ကျုပ်ပြောပါလေရောလား အဖေက ကျုပ်တို့ ဒီနေ့ပြန်လာမှာကို မှတ်မိပုံမပေါ်ပါဘူးလို့ ။ ဒါကြောင့်လဲ ဘူတာမှာ လာမကြိုသည့်အပြင် ကျုပ်တို့ကိုတောင် မေးနေသေးတယ် အရာရာ အဆင်​ပြေရဲ့လားတဲ့ ''

ကျော်လွင်ရှိရာသို့ တစ်စက်မှပင်လှည့်မကြည့်ဘဲ ဖခင်၏ မျက်ဝန်းကိုသာ စိုက်ကာ ကြည့်၍ ပြောနေလေသည့် ကောင်ငယ်လေး၏ အသံဟာ အေးစက်လို့နေလေသည် ။

မင်းဓနရှိန်၏ စကားကို ဖခင်ဖြစ်သူက နားမလည်သည့်ဟန်ဖြင့် အချိန်အတော်ကြာ စဥ်းစားခန်းဝင်နေပြီးမှ တခုခု သတိရသွားဟန်ဖြင့် မိမိနဖူးကို လက်ဖဝါး နှင့် ခပ်ဖွဖွရိုက်ရင်း

'' အိုး ဒီနေ့ သားတို့ပြန်လာမယ်ဆိုတာ ညီမငယ် စာပို့ထားတယ် အဖေ မေ့သွားလို့ပါ အလုပ်တွေရှုပ်နေလို့လေ ''

ဖခင်၏ ဒီလို တုံ့ပြန်လာမှုအပေါ် မင်းဓနရှိန် တစ်ယောက် အနည်းငယ်မျှပင် အံ့သြခြင်းမရှိပါ ။ အဘယ်ကြောင့်ဆိုသော် သူ၏ မိဘများဟာ အမြဲလိုလို ဒီ အလုပ်ကိစ္စပေါ်မှာပဲ အလုပ်ရှုပ်လို့နေပြီး တခါတရံဆို သူရှိသည်ဆိုတာကိုပါ မေ့လျှော့နေတတ်သည် ။ မင်းဓနရှိန် လည်း ဖခင်၏ စကားအပေါ် ဘာတစ်ခုမှ တုံ့ပြန်မှု မပေးပဲ အိမ်တစ်အိမ်လုံးကို တစ်စုံတစ်ခု ရှာသည့်ဟန်ဖြင့် ဝေ့ဝိုက်ကြည့်လေမိတော့

'' သား အမေ လည်း မရှိဘူး ဓန ။ အလုပ်ကိစ္စနှင့် ခရီးထွက်သွားတယ် ''

ဘာမှမမေးပဲနဲ့ ဖြေလိုက်သည့် ဖခင်ဖြစ်သူကြောင့် မင်းဓနရှိန်လည်း ခေါင်းတချက်ခါရမ်းလိုက်လေပြီးမှ

'' ကဲ ထားပါ ။ ဒါနေ့ မနက်ဖြန်က ဘာနေ့လဲ ဆိုတာကိုရော သိလား ''

မင်းဓနရှိန်၏ မထင်မှတ်ရင်မထင်မှတ်သလို မေးလာသည့် ​မေးခွန်းအပေါ်  ဦးရှိန်ခင် တစ်ယောက် အချိန်အတော်ကြာ စဥ်းစားခန်း ဝင်သွားသည်ကို ကြည့်ပြီးမှ မင်းဓနရှိန် တစ်ယောက် အသံထွက်အောင် ရယ်လိုက်ပေမယ့်လည်း ထို ရယ်သံက လွန်စွာပင်ခြောက်ကပ်လို့နေလေသည် ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now