ကျွန်တော်လည်း လူသားတစ်ယောက်ပဲ့လေ

555 86 8
                                    

* U Are My Umbrella *

* U Are My Umbrella *

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode (hee-fei)

[ တွေ့လား ကျွန်တော်လည်း လူသားတစ်ယောက်ပဲ့လေ ကံဆိုးမှုတွေပဲ့ အမြဲတမ်း ကြုံနေရတာမှမဟုတ်တာ ]

* 5 *

" ပြုတ်စရာမလိုတော့ဘူး ယောကျာ်း ၊ ယောကျာ်းတို့ သွားတုန်းက ကလေး အစာမစားရသေးတာသိလို့ မိန်းမပြုတ်ထားပြီးပြီ၊ ခဏစောင့် နည်းနည်းလေးပြန်နွေးလိုက်ပြီး ယူလာခဲ့မယ်"

" အင်း ကျေးဇူး မိန်းမ"

Mr.Sim လည်း ကလေးကိုအဖျားတိုင်းပေး ဆေးလိမ်းပေး ကလေးသောက်ဖို့ဆေးတွေ စီစဥ်ပေးလိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတော့သည်။

" ကလေး ထ တီတီ ဆန်ပြုတ်ယူခဲ့လိမ့်မယ့် ခဏ ထိုင်စောင့်နေနော်"

" ဟုတ်ကဲ့ လေးလေးဆရာဝန်"

ဆန်ပြုတ်ပန်းကန်နဲ့ ကလေးစားဖို့ အသီးတွေပါ တစ်ခါတည်းယူခဲ့လိုက်ပြီး ဆောနူလေးနံဘေးထိုင်ကာ

" သားလေး အခုတော့ ဆန်ပြုတ်လေးပဲ့စားလိုက်နော် ။နေကောင်းမှ သားလေးကြိုက်တဲ့ မုန့်ချိုတွေ အများကြီး လုပ်ပေးမယ်နော်"

" ဟုတ်ကဲ့ တီတီ"

" ဘာလို့တီတီလည်း သားလေးကလည်း အိုမားလို့ ခေါ်ရမှာလေ"

ဆောနူ ဆက်ပြီးတော့ မျက်ရည်တွေကို မထိန်းထားနိုင်တော့ပါ။စားလက်စ ဇွန်းကို ပန်ကန်ထဲ ပြန်ချကာ တီတီလေး ပေါင်ပေါ် တက်ကာ လည်ပင်းကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာဖက်ထားမိတယ်။

"အီးးးးးသားသား...အီးးးးးး ခဏတုန်းက ကြောက်နေခဲ့တာ။သားသားအိပ်နေတုန်းက အိုမားတို့ သားသားနံဘေးမှာသားသားကို ထိုင်စောင့်နေတယ်ထင်ပြီး သားသားမျက်လုံးဖွင့်ကြည့်လိုက်တော့ အိုမားတို့ရှိတော့ဝူး။သားသား အိုမားတို့ကို တွေ့ချင်တယ် အီး...."

U Are My (Umbrella) // SunkiWhere stories live. Discover now