ငါတို့အဝေးကို ထွက်သွားကြမယ်လေ

620 76 30
                                    

* U Are My Umbrella *

[ ဆောနူ မင်းသူ့ကို လက်မထပ်လို့ မရဘူးလား ]

* 17 *

•••••••

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

•••••••

" လက်ထပ်ရမယ်..... ဘာပြောတာလဲဲ ဒီစကားက။ ဆောနူမှာက ကောင်မလေး မှမရှိတာ ဘယ်သူနဲ့ လက်ထပ်ရမှာလည်း ။ မဟုတ်ဘူး မလား ဆောနူ ဂျယ်ယွန်း စနေတာမလား "

ဖက်လက်စ စာအုပ်ကို အနားခေါက်ကာ အမှတ်အသားလုပ်ပြီး ညိုးငယ်လှသည့် မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ ဆောင်ဟွန်းကို ကြည့်လာနေသည်တဲ့။

" မီယားနဲ့ ဆောင်ဟွန်း ။ ငါမင်းကို တမင်မပြောပြတာ မဟုတ်ပါဘူး ။ ပြောပြမလို့ပါပဲ့။ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းတော့ ငါကိုယ်တိုင်တောင် မယုံနိုင်လောက်အောင်ပဲ့ဖြစ်နေတာ ။ အခု လက်ထပ်တယ်ဆိုတာကလည်း မိသားစုကိစ္စကြောင့်ပါ "

" ဘယ်သူလဲ ဘာကိစ္စမလို့လဲ။ ငါနဲ့ မဆိုင်ပေမယ့် မေးခွင့်တော့ရှိတယ်မလား ဆောနူ" 

" နီခီနဲ့  လက်ထပ်ရမှာ"

" ဘာ....."

ဆောင်ဟွန်း ရဲ့ ရုတ်တရက် အော်လိုက်မိတဲ့ အသံကြောင့် ဆောနူခန္တာကိုယ်လေး တစ်ချက်တွန့်သွားလေးရဲ့ ။

" အွန်း...အွန်း...ဟုတ်တယ် ငါ နီ...နီခီနဲ့ လက်ထပ်ရမှာ "

" ဟာ....ဘာတွေလဲ ဘာတွေလဲ....ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ငါ..ငါ လည်း ဘာတစ်ခုမှ မသိရပါလား"

ဆောင်ဟွန်း တကယ် မယုံနိုင်သေးပါဘူး ဘယ်လိုကြီးလဲ ဒါ မဖြစ်နိုင်တဲ့ ကိစ္စကြီးကို ။ ကပြာကယာ လက်နှစ်ဖက်က ဆောနူနဲ့ ပခုံး နှစ်ဖက်ကို လှုပ်ယမ်းကာ

U Are My (Umbrella) // SunkiWhere stories live. Discover now