* U Are My Umbrella *
[ ဆောနူကိုလက်ထပ်မှ အ့ပါးရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ရမှာလား ]
* 12 *
•••••••
ရီခီ အကူအညီတောင်းထားသည့်အတိုင်း ကျွန်တော် ဆေးရုံကို ရှေ့နေ ခေါ်ပြီး လာခဲ့လိုက်တယ်။ နောက်ဆုံးအထိ ကူညီသင့်တာတွေ အကုန် ကူညီပေးသွားမယ်။
" ရီခီ ဒီနေ့ကရော ဘယ်လိုလဲ နေရထိုင်ရတာ သက်တောင့်သက်သာရှိရဲ့လား"
" ဒီလိုပါပဲ့ ဆရာရယ်..."
" သည်မှာ ရှေ့နေ ခေါ်ခဲ့ပေးမယ် နှစ်ယောက် တိုင်ပင်စရာရှိတာ အေးဆေးတိုင်ပင်ကြပါ ကျွန်တော်အပြင်ကပဲ့ စောင့်နေလိုက်မယ်"
" အပုင်မှာ မစောင့်ပါနဲ့ဆရာရယ် အခုကျွန်တော်ဆုံးဖြတ်ရမယ့်အရာက ဆရာသိနေရင် ပိုအဆင်ပြေတာမို့လို့ပါ "
ကျွန်တော် ရှိနေရမယ်တဲ့။မဟုတ်မှ ကျွန်တော်တို့မိသားစုနဲ့ သက်ဆိုင်သေးတာလား။ရီခီ ဘာတွေ လုပ်ဖို့ စဉ်းစားထားပြန်တာလဲ မသိပါဘူး။
" ဘာကိစ္စမို့လဲ ရီခီ"
" ဒီလိုပါ အဟွတ်...ကျွန်တော့အမွေတွေ အကုန်လုံးကို သားဆောနူလေးနာမည်နဲ့ လွဲခဲ့ပေးချင်လို့ပါ"
ကျွန်တော်ဖြင့် ကြားကြားချင်း အံ့ဩလို့မဆုံးပင်။ဘာအကြောင်းကြောင့်များ ဆောနူလေးကို လွဲခဲ့မှာလဲ။ကလေးကို ပိုက်ဆံနဲ့ချုပ်မလို့လား။သည်ပိုက်ဆံတွေသာ ဆောနူးလေးလက်ထဲရောက်လာရင် ဟိုမိန်းမက အငြိမ်နေမှာမဟုတ်ဘူးလေ။ဘယ်လိုတွေများ ဆုံးဖြတ်နေတာလဲ စဉ်းစားလို့မမိတော့ဘူး။သူ့အပြစ်တွေအတွက် ကလေးကို ငွေပေးပြီး ဖြတ်တာလား။ ဒီပိုက်ဆံတွေမလိုပါဘူး ကျွန်တော့်သားလေးအတွက် ကျွန်တော့်မှာ လုံလုံလောက်လောက်ရှိနေပြီးသားကို။ သားလေးကို ဒီမိသားစုနဲ့ အဆက်အစပ်မလုပ်စေချင်ဘူး။
YOU ARE READING
U Are My (Umbrella) // Sunki
Randomကျွန်တော့် ဘဝ မှာ....ဆောနူဆိုသည့် လူသားလေးက ကျွန်တော့်အတွက် မရှိမဖြစ် လိုအပ်သည့် အမိုးအကာ ထီးကလေး တစ်ချောင်း ပါ။