* U Are My Umbrella *
[ ကျွန်တော်ကတိတည်မှာမလို့ စိတ်ချပါ လေးလေး ]
* 16 *
•••••••
" ဒယ်ဒီကလည်းဗျာ....ဟျောင်း ကျွန်တော်ပြောပြီးပြီနော် ဟျောင်းသူ့ကို လုံးဝ လက်မထပ်ရဘူး"
ဂျယ်ယွန်း လည်း ပြောချင်တာ ပြောခဲ့ပြီး လွယ်အိပ်ကို ဆွဲယူကာ အိမ်ပေါ်ထပ် သူ့အခန်းထဲသူ ဝင်သွားလေသည်။Mr.Sim ကိုယ်တိုင်လည်း ကိုယ့်သားပြောသွာစတာ လွန်တယ်ဆိုတာ သိပေမယ့်လည်း ကျွန်တော်ကိုယ်တိုင်ကလည်း သားဆောနူလေးကို ဟိုကလေးနဲ့ လက်မထပ်ေစချင်ဘူး။
" သားဆောနူ သားလည်း ပင်ပန်းလာရောပေါ့ ရေမြန်မြန်ချိုးပြီး စောစောနားလိုက်တော့သား။ဘာမှ မစဥ်းစားနေနဲ့တော့ "
" ဟုတ်ကဲ့ အ့ပါး"
တစ်ဖက်မှာ ညစာစားနေကြသည် သားမိနှစ်ယောက် ။သူတို့ရဲ့ ထမင်းဝိုင်းက အ့ပါးရှိကတည်းကလည်း တိတ်ဆိတ်တယ် အခုအ့ပါးမရှိတော့လည်း အရင်လို တိတ်ဆိတ်နေဆဲပင်။စားရင်းနဲ့ ဂျောင်ရီဘက်က စကား စလာလေသည်။
" သား ဒီနေ့ ဟိုကောင်နဲ့ တွေ့ခဲ့တယ်မလား"
ဂျောင်ရီ စကားကြောင့် နီခီမျက်နှာမှာ အပြုံးမမည်သော အပြုံးရဲ့ရဲ့လေး ခပ်ရေးရေး ချိတ်ဆွဲလာတယ်
ပြုံးလိုက်သည့်အချိန်ကလည်း ခဏတာပင်ဆိုပေမယ့် ကျွန်တော့်အရှေ့မှာ ထိုင်ပြီး ထမင်းစားနေသည့် အိုမားကတော့ မြင်ဖြစ်အောင် မြင်လိုက်သေးသည်လေ။
" အိုမား သိနေတာပဲ့မလား "
" ဆိုပါတော့.... "
စားနေသည့် ထမင်းကို လက်စသတ်ကာ နှုတ်ခမ်းကိုလက်ကိုင်ပုဝါလေးနဲ့ ခပ်ဖွဖွလေးသုပ်ကာ ပြန်ဖြေသည့် ဂျောင်ရီကတော့ တစ်ပါးသူတွေရဲ့အမြင်မှာတော့အထက်တန်းစား မိန်းကလေးတစ်ယောက်နဲ့ တူနေလိမ့်မည်။ ဒါပေမယ့်......
YOU ARE READING
U Are My (Umbrella) // Sunki
Randomကျွန်တော့် ဘဝ မှာ....ဆောနူဆိုသည့် လူသားလေးက ကျွန်တော့်အတွက် မရှိမဖြစ် လိုအပ်သည့် အမိုးအကာ ထီးကလေး တစ်ချောင်း ပါ။